spot_img
Homeသတင်းဖရူဆိုမြို့နယ်မှာ ကျေးရွာအနီးကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲမှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေပြီး ဒေသခံတွေ လုံခြုံရေးစိုးရိမ်

ဖရူဆိုမြို့နယ်မှာ ကျေးရွာအနီးကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲမှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေပြီး ဒေသခံတွေ လုံခြုံရေးစိုးရိမ်

-

ကန္တာရဝတီတိုင်း(မ်)

ဒေသခံတွေ စိုက်ပျိုးရေးပြုလုပ်နေကြတဲ့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ယခုရက်ပိုင်းအတွင်း စစ်အုပ်စုက ဒရုန်းဗုံးသီးတွေနဲ့ မကြာခဏ လာရောက်ပစ်ချနေတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ဒရုန်းဗုံးနဲ့ခပ်စိပ်စိပ် လာရောက်ပစ်ချနေတာရှိပြီး တဖြေးဖြေး ကျေးရွာတွေနဲ့ ပိုမိုနီးကပ်လာတာကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ်မှု ရှိနေကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှုး တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“အခုက ကျနော်တို့ခြံထဲ အလုပ်သွားတဲ့အချိန်တွေမှာ ကျနော်တို့အတွက် လုံခြုံမှု မရှိတော့ဘူး။ ကျနော်တို့ မလုပ်ဘူးဆိုလည်း လုပ်ဖို့လိုတယ်။အမြဲတမ်း ဒရုန်းနဲ့ လာပစ်ခံရတယ်ပေါ့နော်။ အခုနောက်ပိုင်း လာပစ်ချတာက ကျေးရွာတွေနဲ့ ပိုပိုပြီးတော့ နီးလာတယ်။ ကျနော်တို့အတွက် ပိုပြီးတော့ အန္တရာယ် များလာတယ်” လို့ ကျေးရွာ အုပ်ချုပ်ရေးမှုး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒေသခံတွေ တောင်ယာခြံထဲ စိုက်ပျိုးရေးလုပ်ကိုင်နေချိန် စစ်အုပ်စုရဲ့ ရှေ့ကာကင်းတပ်တွေက နေ့စဉ်ရက်ဆက် ဒရုန်းနဲ့ကင်းထောက်မှုတွေ ၊ ဗုံးကြဲမှုတွေကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ကျေးရွာတရွာကတော့ စစ်အုပ်စုရဲ့ ဒရုန်းတိုက်ခိုက်မှုကို (၄) ကြိမ် ဆက်တိုက်ခံရတဲ့အပြင် လက်နက်ကြီး ပစ်ခတ်မှုတွေပါရှိနေပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ပြောပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာတော့ ကျေးရွာပေါင်း ၂၀ နီးပါး ရှိပြီး လူဦးရေ ၄ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ