spot_img
Homeသတင်းကရင်နီကို ပြည်တွင်းထွက် ချက်ဆီများရောနှောထားတဲ့ ဓာတ်ဆီများ ဝင်ရောက်လာ

ကရင်နီကို ပြည်တွင်းထွက် ချက်ဆီများရောနှောထားတဲ့ ဓာတ်ဆီများ ဝင်ရောက်လာ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်ထဲကို အနောက်ဘက်ခြမ်းဝင်ပေါက်တွေကနေတဆင့် ပြည်တွင်းထွက် ချက်ဆီများရောနှောထားတဲ့ ဓာတ်ဆီများဝင်ရောက်လာပြီး ဒေသတွင်းဆီဆိုင်တွေကနေ ရောင်းချနေတယ်လို့ ဓာတ်ဆီရောင်းဝယ်သူတဦးက ပြောပါတယ်။

“ချက်ဆီတွေက အရင်က ရေနီဖက်ကဝင်တာ အခုတော့ တောင်ငူဖက်ကနေပါ ပေးဝင်တာ” လို့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဓာတ်ဆီရောင်းချသူတဦးက ပြောပါတယ်။

ချက်ဆီ ဟာ မြန်မာပြည်တွင်းမှာ ချက်လုပ်ထားတဲ့ အရည်သွေးနိမ့် ဓာတ်ဆီတွေဖြစ်ပါတယ်။ အဆိုပါဆီတွေကို နိုင်ငံခြားက တင်သွင်းလာတဲ့ ဓာတ်ဆီတွေနဲ့ ရောနှောပြီး ကရင်နီပြည်တွင်းကို တင်သွင်းလာတာပါ။ ဓာတ်ဆီအရောင်ကတော့ ဝါကျင့်ကျင့်ရောင်ဖြစ်ပြီး အနံ့ကလည်း သာမန်ဓာတ်ဆီအနံ့ထက် ပိုမိုစွဲတယ်လို့ ဓာတ်ဆီရောင်းချသူတဦးက ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီဈေးတွေ အတက်ကျ ဖြစ်ရတာနဲ့ပတ်သတ်ပြီး စက်သုံးဆီရောင်းဝယ်သူတစ်ဦးက ခုလိုပဲဆက်ပြောပြပါတယ်။

“တချို့က ဈေးအတက်အကျကို ကြိုသိတဲ့သူတွေရှိတယ်။ သူတို့က အောက်က (တင်သွင်းလာမယ့်ဖက်) ဈေးတက်ပြီ ဆိုတာသိတော့ တချို့က ဆိုင်ကောက်ပိတ်လိုက်တယ် နောက်ရက်။ ဆီမရှိဘူးလိုလို ဘာလိုလိုပေါ့။ ပိတ်ပြီးတော့ သူတို့လိုချင်တဲ့ ဈေးရောက်မှ ပြန်ရောင်းတယ်။အဲ့လိုမျိုးလုပ်စားတဲ့ သူတွေရှိတယ်။ ဒါပေမယ့် တချို့ကျတော့ တကယ်ကို ဆီမရှိတာ။ တကယ်ကို ဆီမရှိလို့ ပိတ်လိုက်တာလဲ ရှိတယ်” လို့ သူက ဆိုပါတယ်။

ရောနှောထားတဲ့ ဓာတ်ဆီဈေးဟာ စျေးသက်သာပြီး တစ်ပေပါကို (၁၇)သိန်း (၅)သောင်းကျပ် ပေါက်ဈေးရှိပါတယ်။ နိုင်ငံခြားကတင်သွင်းတဲ့ ဓါတ်ဆီတွေကတော့ တစ်ပေပါကို ကျပ်သိန်း(၂၀)ကျော် ပေါက်ဈေးရှိပါတယ်။ ဆီးဘူး၊ ပီကင်းနဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာတော့ ရောဆီတွေ ပျံ့နှံ့နေတယ်လို့ ပြောပါတယ်။

“တချို့ ဆီရောင်းဆိုင်တွေ တကယ်ကျွမ်းကျင်သူ တွေရှိတယ်။ တချို့ကျွမ်းကျင်သူတွေက သိတယ်။ သိသိရင်းနဲ့ ကို ရောင်းတယ်။ တချို့ကျတော့ တကယ်ကို မသိ‌ပဲ ဂျင်းထည့်ခံရတာကို ။ ဆီဈေးချိုတယ်ဆိုပြီး ဝယ်လိုက်တာ အဲ့လိုတွေရှိတယ်။” လို့ ဓာတ်ဆီရောင်းဝယ်နေသူ တဦးထံက သိရပါတယ်။

အဆိုပါ ရောဆီ (ခေါ်) မသန့်တဲ့ ဓာတ်ဆီတွေ သုံးမိတာကြောင့် ကား၊ဆိုင်ကယ်နဲ့ မီးစက် တွေပျက်ပြီး လာရောက်ပြုပြင်သူတွေလဲရှိနေတယ်လို့ စက်ပစ္စည်းပြင်ဆိုင်နဲ့ ကားဝပ်ရှော့ လုပ်သူတွေထံက သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ