spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ ကန်ဒါကားတစီး တိမ်းမှောက်ပြီး ကားပေါ်ပါလာတဲ့ ကလေးတွေ ထိခိုက်ဒဏ်ရာရရှိ

ဒီးမော့ဆိုအနောက်ခြမ်းမှာ ကန်ဒါကားတစီး တိမ်းမှောက်ပြီး ကားပေါ်ပါလာတဲ့ ကလေးတွေ ထိခိုက်ဒဏ်ရာရရှိ

-

ကန္တာရဝတီတိုင်း (မ်)

ဒီကနေ့ စက်တင်ဘာလ (၂၀) ရက်နေ့၊ မနက် (၉)နာရီဝန်းကျင်မှာ ဘုရားသွားတဲ့ ကန်ဒါကားတစီးဟာ ဒီးမော့ဆိုအနောက်ခြမ်းရှိ ဒေါတဝီ နဲ့ လေးမိုင် ကြား က (S ) ကွေ့ တနေရာမှာ မတော်တဆ တိမ်းမှောက်သွားခဲ့ပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်တဲ့နေရာကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ပြည်ထဲရေးဌာန၊အ‌ရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်ကားဆရာကို မေးကြည့်တော့ ကားပါ်မှာ ကလေးက (၂၀) ကျော်ပါလို့ ပြောတယ်ပါ့နော်။‌ လေး‌ယောက်က‌တော့ လမ်းကြုံကားနဲ့ ပို့သွားတယ်ပေါ့နော်။ စိုးရိမ်ရတဲ့‌လေး‌ယောက်။ ကျန်တဲ့ လေး၊ ငါးယောက်က တော့ ဆေးခန်း တွေပြတယ်ပေါ့နော်။” လို့ IEC ပြည်ထဲရေးဌာန၊အ‌ရေးပေါ်ကယ်ဆယ်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှု ဟင်နရီ က ပြောပါတယ်။

တိမ်းမှောက်သွားတဲ့ကားဟာ ဘရိတ်ပါက်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မတော်တဆ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ S ကွေ့ နေရာဟာ ယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားတတ်တာကြောင့် ယာဉ်မောင်းသူတွေ အနေနဲ့ အရှိန်တင်မမောင်းဖို့နဲ့ အထူးသ​ဖြင့် မိုးတွင်းကာလမှာ လမ်းချော်တတ်တာကြောင့် ဂရုတစိုက် မောင်းနှင်ရန် လိုအပ်ကြောင်းကိုလည်း IEC ပြည်ထဲရေးဌာန၊အ‌ရေးပေါ်ကယ်ဆယ်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဟင်နရီက ဖြည့်စွက်တိုက်တွန်းပြောကြားထားပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ