spot_img
Homeသတင်းဒီဇင်ဘာလမှာ အယ်လ်နီညို အားအကောင်းဆုံးအခြေအနေ ရောက်မည်

ဒီဇင်ဘာလမှာ အယ်လ်နီညို အားအကောင်းဆုံးအခြေအနေ ရောက်မည်

-

ကန္တာရဝတီတိုင်း ( မ် )

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ လစဉ်ထုတ်ပြန်တဲ့ ရာသီဥတုနောက်ဆုံးအခြေအနေအရ လာမယ့် ဒီဇင်ဘာလမှာ အယ်လ်နီညိုဟာ အားအကောင်းဆုံးအခြေအနေအထိ ပြင်းထန်လာနိုင်တယ်လို့ WMO က ဒီကနေ့ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အလယ်ပိုင်းနဲ့ အရှေ့ပိုင်း အပူပိုင်းပစိဖိတ်ဒေသမှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း မှတ်တမ်းတင်အဆင့်အထိ မြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒါဟာ အယ်လ်နီညိုဖြစ်စဉ်ရဲ့ အားကောင်းလာနေမှုကို ပြသနေပြီး ကမ္ဘာတစ်ဝှမ်းက စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူအဖွဲ့အစည်းတွေကို သက်ရောက်စေနိုင်တယ်လို့ WMO က ပြောပါတယ်။

“အယ်လ်နီညိုသည် တည်မြဲပြီး မြန်မြန်ဆန်ဆန် အားကောင်းလာသည်။ WMO ၏ ခန့်မှန်းချက်များအရ ၂၀၂၇ ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပွားနိုင်ခြေ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိပြီး၊ ၁၉၅၀ ခုနှစ် နောက်ပိုင်း အားအကောင်းဆုံးဖြစ်နိုင်သည်” လို့လည်း WMO အတွင်းရေးမှူးချုပ် Celeste Saulo က ပြောထားပါတယ်။

ဒီအခြေအနေက ကမ္ဘာတစ်ဝှမ်းမှာ ပျမ်းမျှထက် အပူချိန်မြင့်တက်စေပြီး မိုးရွာမှု ပုံစံတွေကို ပြောင်းလဲစေကာ ဒေသအလိုက် မိုးခေါင်မှုနဲ့ ရေကြီးမှု အန္တရာယ်ကို တိုးမြှင့်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများမှာ စူပါအယ်လ်နီညို သက်ရောက်မှုဒဏ်ကို ခံစားရမှာဖြစ်ပြီး ကမ္ဘာတဝှမ်း လူပေါင်း ၄ သိန်းကျော် သေဆုံးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

စူပါအယ်လ်နီညို အရှိန်ကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၆ စက်တင်ဘာလကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ၆ လအတွင်း လူပေါင်း ၁,၀၀၀ ကျော်အထိ သေဆုံးနိုင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab (CIL) က ခန့်မှန်းတွက်ချက်ထားပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ