spot_img
Homeသတင်းဖရူဆိုမြို့နယ်က ကျေးရွာနှစ်ရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်

ဖရူဆိုမြို့နယ်က ကျေးရွာနှစ်ရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်

-

ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာနှစ်ရွာကို ဦးတည်ပြီး အာဏာသိမ်းစစ်တပ်က ယမန်နေ့ (နိုဝင်ဘာလ ၄ ရက်) ည ၈ နာရီခွဲဝန်းကျင်မှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းက နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ကျေးရွာနှစ်ရွာ ပစ်တာပေါ့။ သွပ်မိုးပေါက်တာ၊ အိမ်ထိတာမျိုးတော့ ရှိတယ်။ ဒီဘက်မှာတော့ အနီးနားက နွားခြံနား ကျသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ လူထုရှိတဲ့နေရာတွေကိုလည်း တိုက်ခိုက်မှုတွေရှိတာကြောင့် တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အခုက ရက်တိုင်း တောင်ယာသွားတာပေါ့။ တချို့က စပါးရိတ်သိမ်းတာ၊ စပါးပုတ်တာပေါ့နော်။ အရမ်းတော့ ကြောက်ရတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ လုံခြုံရေးစိုးရိမ်မှုတွေရှိနေပေမယ့် တောင်ယာလုပ်ငန်းခွင်ဝင်တာနဲ့ သီးနှံရိတ်သိမ်းတာတွေကို လုပ်ကိုင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီးမော့ဆို – ဖရူဆိုပြည်ထောင်စုလမ်းမကြီးကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားပြီး အနီးနားက တောင်ယာလုပ်ငန်းခွင်၊ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ