spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၂၀ ) ရက်၊  (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၂၀ ) ရက်၊  (သောကြာနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၂၀ ) ရက်၊  (သောကြာနေ့)
-ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ICJ အတည်ပြု၊ ကရင်နီအပါအဝင် အရပ်ဖက်အဖွဲ့ ၂၁၉ ဖွဲ့ ကြိုဆို
– ဒီးမော့ဆို (ရှေ့) မြို့နယ်ရှိ စာသင်ကျောင်းတကျောင်းမှာ ကမ္ဘာ့ကလေးသူငယ်များနေ့ အကြိုအခမ်းအနား ပြုလုပ်
– YAC ကျောင်းသားတွေရဲ့ ပညာရေးရန်ပုံငွေအတွက် “Share the Joy, Build the Future” ကမ်ပိန်းပြုလုပ်
– ကလေးသူငယ်အားလုံးရဲ့ အခွင့်အရေး ကာကွယ်ပေးဖို့ IEC တိုက်တွန်း
စတဲ့သတင်းတွေနဲ့အတူ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးသူငယ်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်နီပြည်က ကလေးငယ်တွေရဲ့ ရင်တွင်းစကားသံနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို တင်ဆက်ပေးထားပါတယ်။ ဒါ့အပြင် မိုးလေဝသသတင်း၊ ကုန်ဈေးနှုန်းသတင်းတွေနဲ့  “စစ်ပဋိပက္ခနဲ့ ရာသီဥတုမမှန်မှုကြားက ကရင်နီတောင်သူတို့ရဲ့ ဝမ်းရေး..”ဆိုတဲ့ဆောင်းပါးကို  တင်ဆက်ပေးသွာမှာဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီ နယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း ဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ