ကန္တာရဝတီတိုင်း(မ်)
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ အသက်၂၃ နှစ်အရွယ်လူငယ်တစ်ဦး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ မိမိကိုယ်ကို ကြိုဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ စခန်းအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သေဆုံးသူဟာ နေအိမ်မှာပဲ ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်ပြီး ဒုက္ခသည်စခန်းမှာ ၂၀၂၆ ခုနှစ်အတွင်း မိမိကိုယ်ကို အဆုံးစီရင်မှု ၄မှုထိရှိခဲ့တယ်လို့ လည်း တာဝန်ရှိသူကဆက်ပြောပါတယ်။
ထို့အပြင် သေဆုံးသူသည် အရက်အလွန်အကျွံ သောက်သုံးလေ့ရှိသူဖြစ်ပြီး စိတ်ဖိစီးမှုများနှင့် ငွေကြေးဆိုင်ရာ အခက်အခဲများလည်း ရှိခဲ့ကြောင်း ရပ်ကွက်တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
“သူက သူရဲ့နေအိမ်တွင်း တန်းတစ်ခုနဲ့ ချီပြီး ဖိနပ်ကြိုးနှစ်ချောင်းကိုတူတူချည်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်။ သူကြိုးချည်တာနိပ်နိပ်လေးဘဲ သူ့အိမ်တံခါးနဲ့ မီးဖို ဆက်ထားတဲ့ ၆ပေကျော် အမြင့်ရှိတဲ့ တန်းနက် ချည်ပြီး သူ့ကိုသူ ကြိုးဆွဲသေတယ်။ ”လို့ ရပ်ကွက်တာဝန်ရှိသူက ပြောပါတယ်။
အိမ်နီးနားချင်းတစ်ဦးရဲ့ ပြောပြချက်အရ သေဆုံးသူဟာ ကြောက်စိတ်တွေ ဖြစ်ပေါ်လေ့ရှိပြီး အခြားသူတွေက သူ့ကို လိုက်လံရန်ပြုနေတယ်လို့ ပြောဆိုလေ့ရှိကြောင်း သိရပါတယ်။
“သူက အခြားသူတွေနဲ့ ပြဿနာလိုက်ဖြစ်တာမျိုး မရှိဘူး။ အရက်သောက်ပြီးရင် လူတွေက သူ့ကို လိုက်စိန်ခေါ်ပြီး ထိုးနေတယ်လို့ အမြဲပြောတယ်။ သူကလည်း ကြောက်တတ်တယ်လို့ပြောတယ်” လို့ အိမ်နီးနားချင်းတစ်ဦးက ပြောပါတယ်။
စခန်းအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ စခန်းအတွင်းအဆုံးစီရင်မှုဖြစ်စဉ် ၄ မှုမှာ ဧပြီ ၂၃ ရက်၊ ဇွန် ၁၄ ရက်၊ ဩဂုတ် ၉ ရက်နဲ့ နိုဝင်ဘာ ၂၂ ရက်တွေမှာ ဖြစ်ပွားခဲ့တာပါ။








