spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပရဲ့တို့ရဲ့နှစ်သစ်ကူးပွဲတော်

Author

Date

Category

စိုးထိုက်အောင် ရေးသားသည်။

ဒိုမူခေါကျေးရွာကို ဖရူဆိုကနေ ဟိုယာလမ်းတိုင်သွားမယ်ဆိုရင် ဆိုင်ကယ်နဲ့၄နာရီလောက်မောင်းရပါတယ်။ဒီးမော့ဆိုကနေ ဆီးပူး၊ ယာဒိုလမ်းအတိုင်းသွားမယ်ဆိုရင် တော့၆နာရီလောက်ဆိုင်ကယ်မောင်းရပါတယ်။ ဒိုမူခေါကျေးရွာရဲ့တောင်ဘက်မာဆိုရင် ဖားဆောင်းမြို့နယ်ရှိပြီးတော့ အနောက်ဘက်မာဆိုရင် ကရင်ပြည်နယ် နယ်စပ် ရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၆ ရက်နေ့က ပရဲ့လူမျိုးစုတွေရဲ့နှစ်သစ်ကူးပွဲကို သိုသီးဖို အုပ်စု၊ ဒိုမူခေါကျေးရွာမှာပြုလုပ်ခဲ့ကြပါတယ်။ နှစ်သစ်ကူး ဝါးတံခွန်တိုင်ပွဲကို မနက်၈နာရီလောက်မှာ စတင်ပြီး နေ့လည်မွန်းတည့် ၁၂နာရီထိ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ပရဲ့မျိုးနွယ်စု နှစ်သစ်ကူးပွဲကို ပရဲ့တို့ပြက္ခဒိန်အရပြုလုပ်တာဖြစ်ပြီး မြန်မလာလို ပြာသလိုသလဆန်း(၁)ရက်နေ့ဖြစ်တယ်လို့ ပရဲ့မျိုးနွယ်စု ခေါင်းဆောင် ဦးဂျေအက်ဒွက်က ပြောပါတယ်။

“ဒီပွဲကိုလုပ်ဖို့အတွက်အခက်အခဲကတော့ တော်တော်များပါတယ်။ ကျတော်တို့ပွဲဖြစ်မြောက်ဖို့ဆိုရင် ရန်ပုံငွေတွေလိုတယ်။ ကျတော်တို့ကလဲ သက်ဆိုင်တဲ့ဘက်ကနေဝိုင်းဝန်းပြီးတော့ ရွာသားရဲ့အင်အား၊ သက်ဆိုင်ရာမြို့ပေါ်မှာရောက်သွားတဲ့ပရဲ့အမျိုးသားတွေဆီမှာ ကျတော်တို့အကူညီတောင်းပြီးတော့မှ ကျတော်တို့ငွေရေးကြေးရေးကောက်ခံပြီးတော့မှ ကျတော်တို့ဒီမှာလာမဲ့ဧည့်သည်တွေကို ကျွေးဖို့ကျတော်တို့စီစဉ်ထားတယ်။” လို့ ဦးဂျေအက်ဒွက်က ပြောပါတယ်။

ပရဲ့တို့ ရိုးရာနှစ်သစ်ကူးပွဲမှာ တမူထူးခြား ဝါးနဲ့ပြုလုပ်ထားတဲ့ တံခွန်တိုင်ကိုတွေ့ရမှာဖြစ်ပြီး အသုံးအဆောင်တွေကလည်း ဝါးတွေနဲ့ပဲ ပြုလုပ်ထားတာတွေ့ရပါတယ်။ ဒေသမှာရှိတဲ့ဝါးတွေကိုသာ အဓိကအသုံးပြုပီး အသုံးဆောင်ပစ္စည်းတွေပြုလုပ်ကြပါတယ်။ နှစ်သစ်ကူးပွဲမှာဆိုရင် ဧည်သည်တွေကို ရေခွက်တွေ၊ ထမင်းပန်းကန်တွေ၊ ဇွန်းတွေကို ဝါးတွေနဲ့သာပြုလုပ်ထားပြီး တည်ခင်းဧည့်ခံကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အဲဒီဒေသဘက်မှာနေထိုင်ကြတဲ့ ပရဲ့လူမျိုးတွေရဲ့နှစ်သစ်ကူးပွဲကို ဒီနှစ်နဲ့ဆိုရင် ၃ကြိမ်ကျင်းပပြုလုပ်ခဲ ြ့ပီဖြစ်ပါတယ်။ ၂၆ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ပရဲ့နှစ်သစ်ကူးပွဲမှာဆိုရင် အုပ်စု ၃အုပ်စုကနေ ကျေးရွာပေါင်း၂၈ရွာက လူဦးရေ စုစုပေါင်း ၄၀၀ကျော်တတ်ရောက်ခဲ့ကြတယ်။ ပရဲ့မျိုးနွယ်စုတွေဟာဆိုရင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကေကောကျေးရွာအုပ်စု၊ သိုသီးဖိုကျေးရွာအုပ်စု ၊ ခေါသခေါကျေးရွာအုပ်စုတွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ အခုလို နှစ်သစ်ကူးရိုးရာတံခွန်တိုင် ထူတဲ့ရိုးရာဓလေ့ဟာဆိုရင် ပရဲ့မျိုးနွယ်စုတွေရဲ့ ဓလေ့တစ်ခုဖြစ်ပြီးတော့ မျိုးနွယ်စု မပပျောက်သွားဖို့နှစ်စဉ် ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။

“ကျတော်နည်းနည်းပြောချင်တာက ကျတော်တို့ပရဲ့လူမျိုးတွေက ရှိရက့် သားနဲ့နည်းနည်းပပျောက်သွားတယ်ဆိုတာက ကျတော်တို့ပရဲ့လူမျိုးလို လူတွေက မသိကြဘူး။ ဆိုတော့ ကျတော်တို့ကလဲ ပရဲ့လူမျိုးရှိသေးပါတယ် ဆိုတာကို ကျတော်တို့ဘိုးဘွားအစဉ်လာထဲက လုပ်ထားတဲ့ တံခွန်တိုင်ကို အများသိစေချင်လို့ကျတော်တို့က စုပေါင်းပီးတော့ တံခွန်တိုင်ပွဲကြီး ပြန်လုပ်တာပါ။ အရေးကြီးတာ ကျတော်တို့ပရဲ့လူမျိုးရှိပါတယ် ဆိုတာကို ပြချင်လို့ကျတော်တို့တံခွန်တိုင်ပွဲကြီးကို လုပ်တာပါ။”လို့ ဦးဂျေအက်ဒွက်က ဆက်ပြောပါတယ်။

ပရဲ့လူမျိုးတွေရဲ့ရိုးရာ နှစ်သစ်ကူူးပွဲကို ဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တက်ရောက်လာခဲ့ကြပါတယ်။

အခုလို နှစ်စဉ်နှစ်တိုင်းမျိုးနွယ်စုအားလုံးပြန်ဆုံနိုင်ဖို့ ရန်ပုံငွေတွေကိုလည်း အိမ်ထောင်စုတိုင်းမှာ ထည့်ဝင်ငွေတွေရှိပြီး ရန်ပုံငွေရှာဖွေရေးအဖွဲ့ကနေ စုဆောင်းထားကြရတယ်လို့ ကေကောရွာမှ ဦးပရယ်ဖားကပြောပါတယ်။

“ကျတော်က ရန်ပုံငွေရှာဖွေရေး အဖွဲ့ကို ဦးဆောင်ပြီးတော့မှ ကျတော်လုပ်ပေးနေရတယ်။ ကျတော်က ၃အုပ်စုစလုံး တစ်အိမ်ထောင်တိုင်းမှာ ရန်ပုံငွေပေးထားတာရှိတယ်။ တစ်အိမ်ထောင်ကို ၅၀၀၀ဆိုပီးတော့ နှစ်စဥၤ်နှစ်တိုင်းကျတော်တို့အဲ့ဒါနဲ့ပဲ အစဉ်အလာလုပ်သွားတာပါ။”လို့ ပြောပါတယ်။

နှစ်သစ်ကူးပွဲမှာ ပျော်ပွဲရွှင်ပွဲအနေနဲ့ ဘောလီဘော၊ ပိုက်ကျော်ခြင်းနဲ့ ရိုးရာတီးဝိုင်းပြိုင်ပွဲတွေပြုလုပ်ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရေအလွန်ရှားပါးတဲ့ကျေးရွာလေးဖြစ်ပါတယ်။

“လူသိနည်းတဲ့အတွက် လာတဲ့လူနည်းတယ်၊ အခုတော့ လာတဲ့လူတော်တော်များလာတယ်။ တံခွန်တိုင်ပွဲကိုသွားဖို့အတွက်ကတော့ အခက်ခဲအများကြီး ရှိပါတယ။် လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့သွားရတာ အခက်ခဲများကြီးရှိပါတယ်၊ တချို့ရွာသားတွေက ဆိုင်ကယ်မရှိလို့လိုင်းကားကိုပဲ အားကိုးရတာပေါ့။ ကားတွေကလဲ အလုံအလောက်မရှိလို့တချို့ရွာတွေဆို ကျန်ခဲ့တာအများကြီးရှိပါတယ်။”လို့ ကေကောရွာက ဦးစောပီတယ်က ပြောပါတယ်။

အဓိကအားဖြင်တော့ တောင်ယာစပါးနဲ့ဖာလာပင်တွေကိုသာစိုက်ပျိုးကြပါတယ်။ ကျေးရွာဒေသဖွံ့ဖြိုးနောက်ကျတဲ့အကြောင်းကို ဦးစောပီတယ်က “မိုးတွင်းဆို သွားလာရပိုပီး ခက်ခဲပါတယ်။ ကျတော်တို့ရွာမှာရေက အစနွေဆိုလဲ တစ်မျိုုး၊ မိုးဆိုလဲတစ်မျိုး၊ ဆောင်းဆိုလဲတစ်မျိုး အရမ်းအခက်အခဲဖြစ်ပါတယ်။ နွေရာသီမှာဆို ရေမလုံလောက်လို့ချောင်းမှာ ခြေလျင်နဲ့ပြန်သွားခပ်ရတယ်။”လို့ တဆက်တည်းရှင်းပြသွားပါတယ်။

မြို့နဲ့လည်းအလွန်ဝေးတဲ့အတွက်အစစ အရာရာမှာ နောက်ကျနေတဲ့ရွာလေးဖြစ်ပါတယ်။ ကျေးရွာမှာ စာသင်ကျောင်းမရှိ၊ ကျေးလက်ကျန်းမာရေးဌာန မရှိတဲ့အတွက် ပညာရေး၊ ကျန်းမာရေးမာလဲအခက်ခဲရှိနေပါတယ်။

spot_img
spot_img

Recent posts