spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ဆီးဘူးဒေသဘက်မှာတော့ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဘယ်လိုကိုယ်စားလှယ်တွေကို မျော်လင့်နေကြသလဲ

Author

Date

Category

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ် ဆီးဘူးဒေသဘက်မှာတော့ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဘယ်လိုကိုယ်စားလှယ်တွေကို မျော်လင့်နေကြသလဲဆိုတာနဲ့ ပတ်သက်လို့ ဆီးဘူး ဒေသဘက်က ဒေသခံ တချို့ရဲ့ အသံကို ဖော်ပြလိုက်ပါတယ်။

ခွန်းဘတ်ထန်

ခွန်းဘတ်ထန်

“ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်ပေါ့နော်။ ဒီဖက်မှာ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် ဒီအလယ်ကယန်းဒေသမှာပေါ့။ ဆီးဘူးထိတော့ လမ်းပန်းဆက်သွယ်ရေးကတော့ အသင့်သင့်တော့ ကောင်းနေပါပြီ။ အဲ့ဒီအတိုင်းပဲ တောကျတဲ့ရွာတွေအပြင် ဟိုသိကျိတ်ဖက်ကနေ ဆီးဘူးကို ဆက်သွယ်တဲ့ လမ်းတွေ၊ ပြီးတော့ ကျေးကတော့ ဖက်ကနေ့ ဒီဖက်ဆက်သွယ်မယ့် လမ်းတွေကို ဒီထက် အဆင့်မြှင့်တဲ့ လမ်းတွေ လုပ်ဆောင်နိုင်မယ့် ပုဂ္ဂိုလ်မျိုးတွေ လိုလားတယ်။”

စမူလိလီ

စမူလိလီ

“ ကျမတို့အနေနဲ့ကတော့ အမျိုးသမီးဆိုတော့ အမျိုးသမီးကဏ္ဍကို ပိုပြီးကြိုက်တာပေါ့နော်။ အမျိုးသမီးကိုယ်စားလှယ်ဖြစ်မယ်ဆိုလည်း ပိုကောင်းမယ်လို့ မြင်တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေမှာ အားနည်းချက်တွေ အများကြီးရှိသေးတာပေါ့နော်။ ကျမတို့ဒေသဆိုပိုဆိုးတာပေါ့။ ဒီလိုအမျိုးသမီးတွေဖြစ်လာမယ်ဆိုရင် သူက ကျမတို့ကို ဆွဲခေါ်ပေးနိုင်မယ်၊ ကွင်းဆင်းနိုင်မယ်၊ ကြည့်ပေးနိုင်မယ်ဆိုရင် ကျမတို့ အမျိုးသမီးထုတွေ အမြင်ကျယ်လာမယ်လို့ မြင်တယ်။”

ခွန်းနေဇာ

ခွန်းနေဇာ

“အစိုးရအပြောင်းအလဲ၊ ဒီမိုကရေစီစနစ်တခု အပြောင်းအလဲမှာ အမှန်တကယ် အားတက်သရော တကယ်ဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်မျိုးကိုပဲ ရွေးမယ်။ အစိုးရနဲ့ လူထုကြားမှာ ကွာဟမှုလေးတွေ၊ နားလည်မှုလွဲတာတွေ အများကြီးရှိတယ်ပေါ့နော်။ တိုင်းရင်းသားလက်နက်ကိုင်ကြားရော၊ အစိုးရကြားရော ဘက်ပေါင်းစုံမှာ အလုပ်လုပ်နိုင်ပြီးတော့မှ ဒေသအတွက် အကျိုးရှိရှိလုပ်နိုင်မယ့် ကိုယ်စားလှယ်မျိုးကို အဓိကကြည့်ပြီးတော့ မဲပေးသွားမှာဖြစ်ပါတယ်။”

စမူအန်းဂျေလာ

စမူအန်းဂျေလာ

“ ပြည်သူလူထုကို အဖက်ဖက်က ကြည့်နိုင်မယ့် ကိုယ်စားလှယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ တချို့ကလည်း ဆယ်တန်းအောင်သွားပြီ၊ ဘွဲ့ရသွားပြီ၊ ဒါပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေ တအားခက်ခဲနေတဲ့ တခုရော အရေးကြီးတယ်လို့ အဒေါ်ထင်တယ်။ အထူးသဖြင့် ကယန်းဒေသတခွင်မှာပေါ့၊ အလုပ်အကိုင် လက်မဲ့တွေ တအားများနေသေးတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဦးစားပေးနိုင်ရင်တော့ ကလေးအနာဂတ်ပိုပြီး အဆင်ပြေမယ်လို့ မြင်ရတာပေါ့”

spot_img
spot_img

Recent posts