spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

“မှန်တာပြောရင် ရိုက် တယ်တော”

Author

Date

Category

ဆရာကြီးအောင်သင်းပြောဖူးတယ်…. အညာမြေက ကျေးရွာတစ်ရွာမှာ အရှုးပါး (စိတ်မနှံ) တဲ့ကောင်မလေးတစ်ယောက်ရှိတယ်တဲ့… တနေ့တော့ ရွာသူကြီးက ဘာလုပ်လိုက်လဲ မသိဘူး… ဗိုက်ကြီး (ကိုယ်ဝန်) ရသွားတဲ့တယ်.. ရွာရဲ့ဂုဏ်သိက္ခာအကျမခံတဲ့ ရွာသူ ရွာသားတွေက အဖြစ်မှန်ကိုသိရဖို့ အရှုးပါး (စိတ်မနှံတဲ့) ကောင်မလေးကို ဝိုင်းဖမ်းပြီး စစ်ဆေးကြတယ်ပေါ… ဒီကိုယ်ဝန်က ဘယ်သူနဲ့ရတာလဲပေါ..စသည့် မေးကြတယ်ပေါ… အရှုးမလေးက “သူကြီးနဲ့တော့” ဆိုပြီးဖြေတော့… “ဟာ”.. မဟုတ်တာ… “လိမ်တာပ”ဲ ဆိုပြီး ဝိုင်းရိုက်ကြတယ်… မေးတာ အမှန်ဖြေစမ်းဆိုပြီး ဝိုင်းပြောကြတော့… အရှုးမက မပြောချင်တော့ဘူးပေါ… ရွာသူရွာသားတွေက ကဲဟာမပြောချင်ဘူးဆိုပြီး ထပ်ရိုက်ပြန်တော့ … ဘာဖြစ်လို့ မပြောချင်ရတာလဲ ဆိုပြီး မေးတော့.. အရှုးမက “မှန်တာပြောရင် ရိုက်တယ်တော” ဆိုပြီးပြောလိုက်တယ်။

လောကမှာ မှန်တာပြောလို့ အရိုက်ခံရတဲ့အဖြစ်အပျက်တွေအများကြီးရှိတယ်… မမှန်တာပြောလို့ ချမ်းသာသွားတဲ့သူတွေလည်း တစ်ပုံကြီး။ ၂၀၁၄ ခုနှစ် မှာ ကျနော်က ဆိုလျားကူးကျေးရွာဆိုတာသမိုင်းရာဇဝင်တွင်တဲ့ရွာဖြစ်တယ်။ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀၀) နီးပါးတည်ရှိ တဲ့ရွာဖြစ်တယ်။ ဒါကြောင့် ဒီမြေ ၊ ဒီတောင်ယာတွေဟာ ဆိုလျားကူးတောင်သူတွေ ဘိုးဘွားစဉ်ဆက် ကတည်းက ရှင်သန်ရပ်တည်ရေးအတွက် တောင်ယာလုပ်ငန်းကိုသာ အသက်မွေးဝမ်းကျောင်းပြုလာသည့်အတွက် ဒီမြေတွေကို ဆိုလျားကူးတောင်သူတွေက ပိုင်တယ် ဒါကြောင့် ဒီမြေ ၊ ဒီတောင်ယာ တွေကို ထွန်ယက်စိုက်ပျိုးရတာပါ လို့ပြောတော့ နှစ်ပေါင်း (၂၂) ကြာ မှလာနေသေးတဲ့ မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်း ခမရ(၅၃၁) က ကျနော့်ကို တရားစွဲတယ်တဲ့။

ဒါကြောင့် မှန်တာပြောရင် အရိုက်ခံရတတ်တယ်။ ၂၀၁၇ ရောက်တော့ မြန်မာ့တပ်မတော်က KNPP ရဲဘော်သုံးဦးနဲ့ အရပ်သားတစ်ဦးကို ပစ်သတ်တော့ KNPP နဲ့ မြန်မာ့တပ်မတော်အကြား ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီခြင်း စာချုပ်ကို ချုပ်ဆိုထားသည့်အတွက် ဒါက ပြည်နယ်ငြိမ်းချမ်းရေးကိုထိခိုက်စေတယ်၊ အမှန်တရားတခုပေါ်ပေါက်ဖို့ ၊ တရားမျှတမူတခုရဖို့ ပြောတော့ ပြောတဲ့ လူငယ်(၈) ဦးကို တရားစွဲပြီး မော်စကို ကိုပို့လိုက်တယ်။ မော်စကို လို့ပြောတော့ ရုရှားက မော်စကိုမြို့လို့ မထင်လိုက်ပါနဲ့ ဒေါဥခူက အကျဉ်းထောင်ကိုပြောတာပါ။ ဒါကြောင့် မှန်တာပြောရင် ရိုက်တယ်တော့။

(မြန်မာ့တပ်မတော်တပ်က KNPP ရဲဘော်သုံးဦးနဲ့ ရွာသားတစ်ဦးကို သရေကွင်းနဲ့ လာပစ်သွားတယ်လို့ ပြောရင်တော့ မှန်တယ်လို့ သူတို့က ပြောမှာပါ) ၂၀၁၉ ခုနှစ် ရောက်တော့ ကရင်နီလူငယ်တွေက ကယားပြည်နယ်လို့ မခေါ်ခင် ကယားပြည်နယ်ကို ကရင်နီပြည်နယ်လို့ ခေါ်ကြောင်း ကရင်နီပြည်နယ်ဟာ တချိန်တခါက သီးခြားလွတ်လပ်တဲ့ပြည် ဖြစ်တဲ့အကြောင်း ၁၉၄၆ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းတောမှ ကရင်နီပြည်၏သီးခြားလွတ်လပ်ခြင်း ကိုအသိအမှတ်ပြုပြီး ဗမာပြည်နင့် ပူးပေါင်းရန်လာရောက်စည်းရုံးခဲ့ကြောင်း စသည့် ကရင်နီပြည် ၏ သမိုင်းအမှန်တွေကို လူထုတွေသိအောင် လိုက်လံပြောပြသည့် ကရင်နီလူငယ်(၉) ဦးကို နိုင်ငံတော်ကို အကြည်အညှိပျက်စေမူ ပုဒ်မ (၅၀၅) ဖြင့် တရားစွဲပြီး မော်စကို (အကျဉ်းထောင်) သို့ ပို့ပြန်တယ်။

ဒါကြောင့် မှန်တာပြောရင် အရိုက်ခံရတယ် ဆိုတဲ့ အရှုးစကားက မှန်နေဆဲပဲ။ ၂၀၁၉ ခုနှစ်မှာပဲ ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို စိုက်ထူမယ်ပြောတော့ ကရင်နီလူငယ်တွေနဲ့ ကရင်နီသမိုင်းကို သိတဲ့လူထုတွေက ဝိုင်းကန့်ကွက်ကြတယ်။

ရုပ်ထုစိုက်ထူခြင်းက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပြီး မလိုအပ်တဲ့ပြဿနာများဖြစ်လာနိုင်တယ်။ တိုင်းရင်းသားတွေရဲ့ သမိုင်းဖြစ်စဉ်အမှန်ကို မျက်ကွယ်ပြုရာရောက်တယ်လို့ ပြောတော့… ပြောတဲ့ သူတွေ.. ရုပ်ထုစိုက်ထူးခြင်း ကိုကန့်ကွက်တဲ့သူ လူငယ် (၅၅) ဦးကို တရားစွဲပြီး မောစကို(အကျဉ်း) ထောင်သို့ ပို့ဖို့ပြင်နေပြန်တယ်။ ဒါကြောင့် မှန်တာပြောရင် ရိုက်တယ်တော့။

၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီမှာ မိမိတို့ ဘိုးဘွားစဉ်ကတည်းက မြန်မာ့တပ်မတော်တပ်များ တပ်စခန်းများ လာရောက် တည်ထားခြင်းမရှိခင်ကတည်းက စိုက်ပျိုးလာခဲ့သည့် တောင်ယာလယ်ယာပေါ်ကို ထွန်ယက်စိုက်ပျိုးတဲ့ တောင်သူတွေကို မြန်မာ့တပ်မတော်တပ်များ(အမတ ၃၆၀ ၊ ခမရ ၂၅၀ ၊ အမတ ၃၅၆ ၊ ခလရ ၂၆၁) မှ ပုဒ်မအမျိုးမျိုးတပ်ပြီး တောင်သူ (၄၁) ဦးကို တရားစွဲပြီး တောင်သူ (၁၃) ဦးကို မော်စကို(အကျဉ်း) ထောင်သို့ပို့ုလိုက်တယ်။ တောင်သူလယ်သမားတွေက စိုက်ပျိုးခြင်းအလုပ်ကို လုပ်တာမှန်နေပေမဲ့ မှန်တာပြောရင် မှန်တာလုပ်ရင် အရိုက်ခံရတတ်တယ်။

၂၀၂၀ ခုနှစ် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နဲ့ နပါးလုံးနေချိန်မှာပဲ ပြည်နယ်အစိုးရက အမိန့်ညွန်ကြားချက်တွေအမျိုးမျိုး ထုတ်ပြီး နောက်ကွယ်မှာ စီမံကိန်းတွေ ၊ လုပ်ငန်းတွေ အမျိုးမျိုးလုပ်နေကြတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေကို ချိုးဖောက်လို့ဆိုပြီး ဖရှုဆိုမြို့နယ် ၊ ငွေတောင်ရွာသစ်ကျေးရွာက မုဆိုးမ အဘွားအိုတစ်ဦးကို ငွေဒဏ် (၉၀၀၀၀၀) သိန်းဒဏ်တပ်တယ်။

၂၀၁၂ လယ်ယာမြေဥပဒေဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေလုပ်ဖို့ ပျက်ကွက်တဲ့ သူတွေကျတော့ အေးဆေးပဲ။ ကိုဗစ်ကပ်ရောဂါကြောင့် အခွင့်ကောင်းယူပြီး ခမရ (၅၃၁) က ဆိုလျားကူးဘိုးဘွားမြေ၊ ရွာဟောင်းကိုခြံကာတယ်။ အမတ (၃၆၀) က ဒေါဆိုရှေးတောင်သူတွေကို တောင်ယာလုပ်ကိုင်ခွင့် မပေးပဲ နီးစပ်ရာကိုခေါ်ပြီး တောင်ယာလုပ်ပိုင်ခွင့်ပေးတယ်။

လူစုလူဝေးမလုပ်ရ ဆိုတဲ့ ကန့်သတ်ချက်နဲ့ အမှန်တရားပြောဖို့ပိတ်ပင်တယ်။ သူတို့ကျတော့ လူစုတယ်။ လူဝေးတယ်။ ဥပဒေက မျက်စောင်းထိုးခွင့်မရ။ ကျနော်လည်း မှန်တာကိုသိပ်မပြောရဲဘူး ဘာဖြစ်လို့လဲဆိုတော့ “မှန်တာပြောရင်ရိုက်တဲ့တော” အမှန်တရားကိုသိချင်ရင် အရက်ဆိုင်မှာရှာပါ။ တရားရုံးမှာက အမှန်တရားဆိုတာ ရှားပါးပစ္စည်းပဲတဲ့။

ဆိုလျားကူးရွာသား ရေးသားသည်။

spot_img
spot_img

Recent posts