spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

9539 POSTS
0 COMMENTS

ဘိန်းခင်းဖျက်ဆီးခံရသော်လည်း စားဝတ်နေရေးအတွက် နောင်နှစ်ထပ်မံစိုက်မည်

မူဂျာမီလှိုင် ဘိန်းခင်းများကို လာရောက်ဖျက်ဆီးသော်လည်း စားဝတ်နေရေးအတွက် နောင်နှစ်များတွင်ဆက်လက်စိုကိပျိုးသွားမည်ဖြစ်ကြောင်း ဘိန်းခင်းဖျက်ဆီးခံလိုက်ရသူ တောင်သူဦးအေဆေးဘီယိုကပာသည်။ "သူတို့ဖျက်လိုက်လည်းမတတ်နိူင်ဘူးလေ ဦးတို့ကတော့ နောက်နှစ်လည်း ဆက်လုပ်အုံးမှာပဲ" ဟု၎င်းကဆိုသည်။ နိုဝင်ဘာ ရ ရက်နေ့ မနက်ပိုင်းတွင် တာဝန်ရှိရဲများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းပြီး ေဒါရောက်ခူအုပ်စု ဒါရောက်ခူရွာ၏ အနောက်ဘက်ရှိ ဘိန်းခင်းများကို  သွားရောက်ဖျက်ဆီးခဲ့သည်။  ၎င်းတို့ကျေးရွာ၏ မဆီလွှာသည် အခြားသီးနှံများစိုက်ပျိုးကာ မအောင်မြင်သောေကြာင့်ဘိန်းကိုသာ စိုက်ပျိုးနေကြရကြောင်း...

ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်ထားပေးရန် ပြည်သူများဆန္ဒရှိ

မူဂျာမီလှိုင် ဖယ်ခုံမြို့နယ်အတွင်းရှိ လမ်းဆုံလမ်းခွ၊ အချက်အချာကျသည့် နေရာများတွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်များထားရှိရန်လိုအပ်ကြောင်း ဒေသခံများကပြောသည်။ "မီးပွိုင့်ရှိဖို့ဆိုရင် အင်မတန်အရေးကြီးတယ် မီးပွိုင့်မရှိလို့ ဆိုင်ကယ်တွေ မကြာခဏယာဉ်တိုက်မှုဖြစ်တယ် မဆင်မခြင်တာတွေလည်းပါတယ် ဥပဒေနားမလည်တာတွေလည်းပါတယ်"ဟု ဖယ်ခုံ ညောင်ကုန်းရပ်ကွက်နေ ဦးယူဂျိမ်းကဆိုသည်။ မီးပွိုင့်ရှိပါက ပြည်သူများသည် ၎င်းတို့၏ဆိုင်ကယ်များ၊ ကားများပို၍ ဆင်ဆင်ခြင်ခြင်မောင်းမည်ဖြစ်ေကြာင်း ၎င်းကဆက်ပြောသည်။ ဖယ်ခုံမြို့နယ်တွင် မီးပွိုင့်ထားရန်အလျင်မလိုအပ်သေးကြောင်း၊ လိုအပ်ပါကလည်း အထက်တန်းကျောင်း...

အရပ်သားအစိုးရတက်လာပြီး ၂ နှစ်ခွဲထိ စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးမှာ ပြည်သူလူထုပါဝင်မှုအားနည်းနေဆဲ (ရုပ်သံ)

တစ်ဖက်မှာလည်း စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးကို အဓိက လုပ်ပေးနေတဲ့ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးကော်မတီ၊ ကော်မရှင်တွေက အောက်ခြေပြည်သူလူထုနဲ့ ချိတ်ဆက် ဆက်သွယ်မှု အားမကောင်းတာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ https://www.youtube.com/watch?v=7OBCUYyyR3Y&feature=youtu.be&fbclid=IwAR1C4-XAo6iETUurZP-eLnKk1gJDuSkV0632aFaxUbz1wZAzBwszc1GJi9M

ကယားပြည်နယ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု ၂၀၁၄ ကနေ ၂၀၁၈ ကြား ၅ ဆခန့် မြင့်တက်

ကယားပြည်နယ်မှာ ခရီးသွားတွေ စတင်ဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်ဖြစ်ပြီး အဲဒီနှစ်ကနေ ယခုချိန်ထိ ခရီးသွားဝင်ရောက်မှု ငါးဆခန့် မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ယခင်နှစ်တွေမှာ ခရီးသွားတွေ ဝင်ရောက်လာပေမဲ့ ၂၀၁၄ ခုနောက်ပိုင်း ကေအဲန်ပီပီငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးနောက်ပိုင်းမှသာ ပိုမိုဝင်ရောက်လာတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် မေလမှာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ရပ် ကျင်းပပြီး ပြည်တွင်းပြည်ပ...

ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ ထုတ်ဝေမယ့် ကယားတိုင်းမ်ဂျာနယ်ကို လွှတ်တော်က မသိရသေးဟုဆို (ရုပ်သံ)

ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ ထုတ်ဝေတဲ့ ကယားတိုင်းမ်ဂျာနယ်နဲ့ပတ်သက်ပြီး တချို့သော လူမှုအသင်းအဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီတွေဘက်ကလည်း ပြည်သူ့ဘဏ္ဍာငွေသုံးစွဲတာဟာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပြောဆိုထားတာတွေရှိပါတယ်။ အစိုးရအနေနဲ့ အခုလိုပြည်သူ့ငွေသုံးစွဲတာဟာ မဖြစ်သင့်ဘူး။ ဒါဟာ ပါတီနိုင်ငံရေးကဏ္ဍတွေ ပါလာနိုင်တဲ့အတွက် မလုပ်သင့်ဘူးလို့ ကယန်းအမျိုးသားပါတီက ကိုဘီထူး က ပြောပါတယ်။ https://www.youtube.com/watch?v=ztIJkHtNMnc&=&feature=youtu.be&=&fbclid=IwAR37s38-d9x_ikqx0zWw1SGlqIXiIdoZsSgq-tazxxU4cqN_grvO611rlXY

စိုက်ပျိုးရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံး ဆိုသော်လည်း ဈေးကွက်ပြဿနာကြုံနေရဆဲ

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လေ့လာမှုအစီရင်ခံစာအရ ပြည်နယ်အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အလားအလာ အကောင်းဆုံးဟုတွေ့ရှိရသော်လည်း လက်တွေ့တွင် ဈေးကွက်ပြဿနာသည် တောင်သများအတွက် စိန်ခေါ်မှုများနှင့် ရင်ဆုံနေရသည်။ ပြည်နယ်အတွင်းဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အဓိက အသက်မွေးဝမ်းေကြာင်းပြုလုပ် နေကြရာ သီးနှံများကို ပွဲစားများက ဈေးနိမ်ဝယ်ကြသည့်အတွက် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ ဖရူဆိုမြို့နယ် တော်ခူအုပ်စုအတွင်းရှိ...

အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေးလုပ်ဆောင်

ခွန်းကလိုင်းဖရီး ကယန်းဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများ ပပျောက်လာစေရေးအတွက် ကယန်းအမျိုးသမီး အစည်းအရုံးအဖွဲ့မှ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်နေကြောင်းသိရသည်။ ၎င်းတို့မှ အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ အမြင်ဖွင့်သင်တန်းပေးခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းပေးခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စည်းရုံလံှု့ဆော်သည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ကယန်းဒေသတွင်း ကျေးရွာပေါင်း (၈၀) တွင် အမျိုးသမီးများအား...

ပြည်သူ့ဘဏ္ဍာငွေဖြင့်ထုတ်မည့် အစိုးရဂျာနယ် မထုတ်ဝေသင့်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌပြော

ခူးကိုရယ် ကယားပြည်နယ်အစိုးရမှ ထုတ်ဝေမည့် ကယားတိုင်း(မ်)ဂျာနယ်သည် ပြည်သူ့ဘဏ္ဍာငွေဖြင့် အသုံးပြုမည်ဖြစ်သည့် အတွက် မထုတ်ဝေသင့်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောသည်။ "ပြည်သူ့ငွေသုံးပြီး ပါတီနိုင်ငံရေး ကဏ္ဍတွေပါလာမယ်။ ပြည်နယ်အစိုးရအနေနဲ့ ဒါမျိုးတွေ စဉ်းတောင် မစဉ်းစားသင့်တာပါ။" ဟု ခွန်းဘီထူးက ပြောသည်။ ထို့အပြင် အတိုက်အခံပါတီများကို နိုပ်ကွတ်လိုခြင်း ၊ တိုင်းရင်းသားပြည်သူများကို...

လယ်ကွင်းအတွင်း အမျိုသမီးတစ်ဦး ဓားဒါဏ်ရာ ၃ဝချက်ဖြင့် သေဆုံးနေ

ကန္တာရဝတီတိုင်းမ် နိုဝင်ဘာလ ၂၃ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ဝှါရီကောခူကျေးရွာမြောက်ဘက် လယ်ကွင်းအတွင်း၌ အသက်(၂၅)နှစ်ခန့်ရှိသည့် အမျိုးသမီးတစ်ဦး ဓားဒါဏ်ရာ အချက် ၃ဝဖြင့်သေဆုံးနေကြောင်း သိရသည်။ သေဆုံးသူအမျိုသမီးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ရှီမီလောကျေးရွာနေ မပွင့်ဖြူဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဝဲဘက်ခါးစောင်း ထိုးသွင်းဒဏ်ရာ (၂) ချက်၊ ဝမ်းဗိုက်ပိုင်း ထိုးသွင်းဒဏ်ရာ (၁၀)ချက်၊...

ထီးဖရူနူလိုဏ်ဂူတွင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် စွပ်ပိုင်ကုမ္ပဏီမှ သန်းခြောက်ထောင်ရင်းနှီးထား

ကန္တာရဝတီတိုင်းမ် ဖရူဆိုမြို့နယ်၊ မော်သီဒိုကျေးရွာအနီးရှိ ထီးဖရူနူလိုဏ်ဂူတွင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် စွပ်ပိုင်ကုမ္ပဏီမှ သန်း၆၀၀ဝ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေေကြာင်း သိရသည်။ “အဲဒီမှာရင်းနှီးမြှုပ်နှံမှုဆိုပြီးတော့ ကုမ္ပဏီတစ်ခုက ကမ်းလှမ်းတယ်။ အဲေကြာင့်မို့လို့ ကိုယ်တို့ကွင်းဆင်း လ့လာတယ်။ ဒီပြည်နယ်အစိုးရနဲ့ ညှိနှိုင်းတိုင်ပင်တယ်။ အခုအကြိုသဘောတူညီမှုစာချုပ် ချုပ်ခဲ့ပြီပေါ့နော။˝ ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်ကပြောသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုကို ဒသခံကုမ္ပဏီတစ်ခုဖြစ်သည့် စွပ်ပိုင်ကုမ္ပဏီမှ အခြားမိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းကာ လုပ်ဆောင်မည်ဖြစ်ေကြာင်း...

Latest news

- Advertisement -spot_img