spot_img
Friday, December 9, 2022
spot_img

CATEGORY

မာလ်တီမီဒီယာ

“အခက်ခဲကိုတောင့်ခံရင်း အဆုံးထိတိုက်ပွဲဝင်သွားမယ်”

  ကန္တာရဝတီတိုင်း(မ်) ပါးကွက်ကြားလိမ်း အဖြူစိမ်းလေး သေသေသပ်သပ်ဝတ်ပြီး ကျောင်းသွားစာသင်ခဲ့ကြဖူးတဲ့ ကျောင်းဆရာမတွေဟာ ယခုမှာတော့ တောတောင်ကြားထဲ မိုးကာတဲလေးနဲ့ဆောက်ထားတဲ့ စစ်ရှောင်စာသင်ကျောင်းဆီကို ဖုန်မှုန့် တလူလူ ကြားသွားရင်း စာသွားသင်နေကြရပါတယ်။ လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတို့ကို ရှောင်တိမ်းနေကြရတဲ့ စစ်ရှောင်စခန်းတွေမှာ ကလေးတွေကိုစာသင်ကြားပေးရမဲ့ အခြေအနေမျိုး မမျော်လင့်ထားခဲ့ကြပေမဲ့ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးနည်းလမ်းနဲ့ CDM လုပ်လာခဲ့ကြတဲ့အချိန်မှာတော့ စစ်ရှောင်စခန်းတွေမှာ အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်ကျော်ဖြတ်ရပါတော့တယ်။ စစ်ကောင်စီက...

ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ကလေးငယ်တွေ ဖျားနာကြ

ကေးဒူ ( ကန္တာရဝတီတိုင်း( မ် )) ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ ရာသီကူးပြောင်းကာလကြောင့် ၅ နှစ်အောက် ကလေးငယ်တွေ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာတွေ အဖြစ်များနေတယ်လို့ သိရပါတယ်။ ယခု ဆောင်းရာသီ ကူးပြောင်းကာလမို့ လူဦးရေ များတဲ့အိမ်တွေမှာ စောင်နဲ့ အနွေးထည်တွေ...

KNDF တပ်ရင်း(၁) တပ်ရင်းမှူး တစ်ဦး ဖြစ်တဲ့ ခွန်းသောမတ် (ခ) မျက်မှန် နှင့်တွေ့ဆုံမေးမြန်းခြင်း

https://youtu.be/9Ol6xc_iFrg လက်ရှိ ကရင်နီပြည်တွင်းက စစ်ကောင်စီရဲ့ လှုပ်ရှားမှု အခြေအနေတချို့ နဲ့ ပြည်တွင်း စစ်ရှောင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း(၁) တပ်ရင်းမှူး တစ်ဦး ဖြစ်တဲ့ ခွန်းသောမတ် (ခ) မျက်မှန် နှင့် ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

တစ်နှစ်နီးပါး နေရပ်မပြန်နိုင်တဲ့ ဖရူဆိုမြို့ပေါ်ရပ်ကွက်နေအိမ်တွေကို သန့်ရှင်းရေးပြန်လည်ပြုလုပ်ခဲ့ကြ

https://youtu.be/TuCV5K9tFJg ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဖရူဆိုမြို့ပေါ်ရပ်ကွက်တွေကို ဒေသခံတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ရက်ကနေ နိုဝင်ဘာလ ၂ရက်နေ့အထိ ၃ရက်အတွင်း သန့်ရှင်းရေးပြန်လည်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ "အေး ပြန်ကြတယ်၊ ပေးပြန်တာ ၃ ရက်လို့ ပြောတယ်၊ ညောင်ဇင်ဘက်တော့ တော်တော်ဝင်ကြတယ် ပြောတယ်၊ အရှေ့ဘက်ခြမ်း ခေါသမောတို့ ဒေါသကလဲတို့မှာ...

မိုးဗြဲမြို့ တစ်နေရာမှာ မူးယစ်ဆေးဝါး တစ်သောင်းကျော်ကို ဖမ်းဆီးရမိပြီး မီးရှို့ဖျက်စီးခဲ့

https://youtu.be/yNIvUaI5H-o ကန္တာရဝတီတိုင်း( မ် ) မိုးဗြဲ PDF တပ်ရင်း ၂ နဲ့ KNDF B-03 တို့ ပူးပေါင်းပြီး ( WY ) မူးယစ်ဆေးဝါး တစ်သောင်းတစ်ထောင့်နှစ်ရာကျော် ( ၁၁၂၀၀ ) ကို မိုးဗြဲမြို့ ဒေသတွင်းတစ်နေရာမှာ ဖမ်းဆီးရမိပြီး မီးရှို့...

အာဟာရဖြည့်စွက်စာ အနေနဲ့ အာဟာရမုန့်ကို စစ်ရှောင်ကိုယ်တိုင်ပြုလုပ်

( ကန္တာရဝတီတိုင်း( မ် )) ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ အာဟာရဖြည့်စွက်စာတစ်ခုအနေနဲ့ အာဟာရမုန့် တွေကို စစ်ရှောင်တွေကိုယ်တိုင် ပြုလုပ်ခဲ့ကြပါတယ်။ စစ်ရှောင်တစ်ချို့က အာဟာရဓာတ်ပြည့်အောင်မစားသောက်နိုင်တဲ့အတွက် အာဟာရမုန့်ကို အခုလို ကိုယ်တိုင်လက်လုပ်ဖျော်စပ်ပေးရခြင်းဖြစ်တယ်လို့ အာရမုန့်ပြုလုပ်နည်း ပို့ချပေးခဲ့တဲ့ မတင်းတင်းက အခုလိုပြောပါတယ်။ " ကျွန်မတို့အခုလောလောဆယ် စစ်ဘေးရှောင်တဲ့ကာလမှာ တော်တော်များများက မ၀ယ်သောက် မ၀ယ်စားနိုင်ကြဘူး။...

“စစ်ရေးအပြင် ဝမ်းရေးအတွက်ပါ တော်လှန်နေကြရသူများ”

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) တပ်ဖွဲ့ဝင်ရဲဘော်တွေ ရှေ့တန်းထွက်နေစဉ် နောက်မှာကျန်ရစ်ခဲ့သူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ ရဲ့ ဒု-ရုံးဦးစီးမှူး ရဲဘော် ဟယ်ဒီ တစ်ယောက်ဟာ ကြက်၊ ဝက် တွေ ပြုစုလိုက်၊ စိုက်ခင်းထဲ သွားလိုက်နဲ့ သူ့ရဲ့ တနေ့တာကို...

ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေအပေါ် မိသားစုတွေ၊ မိတ်ဆွေတွေရဲ့ စကားသံ

https://youtu.be/YI0n2brrnZ4 ကန္တာရဝတီတိုင်း(မ်) နိုဝင်ဘာလ ၂ ရက်နေ့ဟာ ကက်သလစ်ဘာသာဝင်တွေရဲ့ သင်္ချိုင်းပွဲ နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒီးမော့ဆိုမြို့နယ်တစ်နေရာက အာဇာနည်သင်္ချိုင်း ကို လာရောက် ဝတ်ပြု ၊ မီးထွန်းပေးကြတဲ့ ဆွေမျိုး၊မိတ်ဆွေတွေရဲ့ စကားသံကို ကန္တာရဝတီတိုင်း(မ်) ကမေးမြန်တင်ဆက်ပေးလိုက်ပါတယ်။ ဂျော့ကင်း ကျသွားတဲ့ ရဲဘော်တွေရဲ့ အပေါ်မှာကော ကျနော်တို့စိတ်မကောင်းဖြစ်မိတယ်ပေါ့နော။ ကျနော်တို့ထက် အများကြီးအရည်ချင်းရှိတယ်။ အများကြီးတော်တတ်တဲ့...

ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ဖာလာစိုက်တောင်သူတွေရဲ့ဘဝအခက်အခဲ

ဖာလာသီးအစိမ်းတွေကို ထင်းမီးနဲ့အပူပေး အခြောက်ခံနေတဲ့သူကတော့ အသက် ၅ဝ နှစ်အရွယ် စခွန်းမားရိယို ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေမှာတော့ ခူးယူထားတဲ့ ဖာလာသီးတွေကို ပွဲစားတွေလက်ထဲ အစိမ်းလိုက်ရောင်းချပေမဲ့ ဒီနှစ်မှာတော့ အခြောက်ခံပြီးရောင်းဖို့ စမ်းကြည့်နေတယ်လို့ ဖာလာစိုက်ပျိုးရေးလုပ်ကိုင်သူတွေကပြောပါတယ်။ https://youtu.be/yVEJl2hrEIQ စခွန်းမားရိယိုဖာလာစိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦး "အဲ့မျိုးလုပ်မယ်ဆို ဈေးနှုန်းနည်းနည်းပိုရမလား ပြောနေတာ၊ စမ်းကြည့်နေတာ။ ဒီနှစ်ပဲစမ်းတာ၊ အခုပဲပြန်လုပ်တာ။ အရင်က ကျနော်တစ်ခါမှမလုပ်ဘူး။ စမ်းကြည့်မလို့။...

လူငယ်ပါဝင်မှုအားကောင်းလာတဲ့ ကရင်နီတပ်မတော်

ကန္တာရဝတီတိုင်း(မ်) ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့က စစ်ကောင်စီတပ် ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကို လူထုတစ်ရပ်လုံး ဆန့်ကျင်တော်လှန်နေကြတာ နိုဝင်ဘာလ ၁ရက်နေ့အထိဆိုရင် တစ်နှစ် ၉ လရှိသွားပါပြီ။ ကရင်နီပြည်တွင်းမှာဆိုရင် နှစ်ပေါင်း ၇၄ နှစ်ကျော်ကြာ တော်လှန်ရေး ဆင်နွှဲလာနေတဲ့ ကရင်နီတပ်မတော် (KA)အပါအဝင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့...