spot_img
Friday, March 24, 2023
spot_img

CATEGORY

မာလ်တီမီဒီယာ

စစ်ရှောင်လူထု ငါးထောင်ကျော် ဒီးမော့ဆိုအရှေ့ခြမ်းမှာ ပိတ်မိနေသေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်အတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းကျော်အနက် ငါးထောင်ကျော်ဟာ ပိတ်မိနေတဲ့ ပုံစံမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ မြေပြင်မှာ စစ်ရှောင်အရေးကူညီစောင့်ရှောက်ပေးနေတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။ “လက်ရှိအခြေအခြေအနေက ပိတ်မိတာထက်စာရင် ပိတ်မိနေတဲ့ပုံစံမျိုးပေါ့နော အဲ့လိုဖြစ်နေတယ်။ လမ်းတွေမှာ တိုက်ပွဲဖြစ်တော့ သွားလို့လာလို့ မရတော့ဘူးဆိုတဲ့ဟာမျိုးပေါ့နော။...

စစ်ရှောင်စခန်း တစ်နေရာအနီး တောမီး ဝင်ရောက်လာပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ (မတ်လ ၉ရက်) နေ့လည် ၁၂ နာရီခွဲအချိန် စစ်ရှောင်စခန်း တစ်နေရာ ဆီ ဦးတည်ပြီး တောမီး လောင်ကျွမ်းလာခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာမှာ စတင်လောင်ကျွမ်းတာကိုတော့ မသိရပေမယ့် စစ်ရှောင်စခန်းတစ်ခုဆီကို မီးတွေ ကူးစက်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ " ဘယ်အချိန်စလောင်တာလဲ ကျနော်တို့ မတွေ့ရဘူး။ ကျနော်တို့ ထိုင်စကားပြောနေရင်း မီးခိုးတဲ့အသံ...

ကိုယ်ထူကိုယ်ထကျောင်းစာသင်ကျောင်းမှာ အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စကားပြော (English speaking) သင်တန်းကို စတင် ဖွင့်လှစ်‌နေတယ်လို့ သိရပါတယ်။ သင်တန်းကာလကြာမြှင့်ချိန် တစ်လဖြစ်ပြီး ကျောင်းသူကျောင်းသား ဦးရေ (၂၀၀)ကျော် တက်ရောက်သင်ကြားနေပါတယ်။ ခုလို အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်ရတာဟာ ကလေးတွေရဲ့ စိတ်လေလွင့်မှုမရှိစေရန်နဲ့ တစ်ဖက်တစ်လှမ်းကနေ မိဘကို ကူညီတဲ့အနေနဲ့...

လက်နက်ကြီးသံကြားက နွေစပါးစိုက်ပျိုးနေရတဲ့ စစ်ရှောင်တောင်သူတို့ရဲ့ စကားသံ

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီဒေသခံပြည်သူ ၂ သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်ကာလကြာတာနဲ့အမျှ စားနပ်ရိက္ခာပိုင်း ပိုမိုလိုအပ်နေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ရှောင်နေကြရပေမယ့် ရေရှည်စားသောက်ရေးအတွက် လက်ရှိမှာလည်း လက်နက်ကြီးသံကြားကနေ လယ်ယာစပါး စိုက်ပျိုးနေကြရပါတယ်။ လက်နက်ကြီးသံကြားမှာ စပါးစိုက်ပျိုးနေကြတဲ့ ဒီးမော့ဆိုမြို့ စစ်ရှောင်တောင်သူ တချို့ရဲ့ စကားသံတွေကို တင်ပြပေးလိုက်ပါတယ်။ https://youtu.be/JRtwxdlmIhE စစ်ရှောင်တောင်သူတစ်ဦး “စိတ်ထဲမှာ တအားခံစားတာပေါ့။...

ရိက္ခာဖြန့်ဝေတဲ့ စစ်ကောင်စီစခန်းတစ်ခုကို KA ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား သေဆုံးပြီး လက်နက်ခဲယမ်းရရှိ

ကန္တာရဝတီတိုင်း( မ် ) ရိက္ခာဖြန့်ဝေပေးနေတဲ့ ထိုင်း-ကရင်နီနယ်စပ် နမ့်ပန်ချောင်းအနီးက စစ်ကောင်စီရဲ့ ဟွေအမ်တပ်စခန်းကို ယမန်နေ့ မတ်လ ၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။ “တိုက်ပွဲတော့ဖြစ်တယ်။ အဲဒီ ဟွေအွမ်ပေါ့နော။ ၅၄တပ် စခန်းထိုင်တဲ့နေရာ ဟွေအွမ် အဲဒီ နန့်ပန်...

လက်နက်ကြီးနဲ့လေကြောင်းရန် ကာကွယ်ရန် ဗုံးခိုကျင်း မဖြစ်မနေ တူးဖို့ KSCC တိုက်တွန်း

ကန္တာရဝတီတိုင်း( မ် ) ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းကစပြီး ကရင်နီပြည်တွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ကောင်စီဘက် လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေပြီး အရပ်သားသေဆုံးမှုများပြားလာတဲ့အတွက် ဗုံးခိုကျင်းမဖြစ်မနေ တူးဖို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) က တိုက်တွန်းလိုက်ပါတယ်။ အဲ့ဒီအတွက် လူထုတွေ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တာရာယ်ကနေ ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်...

စစ်ဘေးရှောင်များ စိတ်ပိုင်းဆိုင်ရာ ဖြေလျော့ခြင်းစကားဝိုင်းများ ပြုလုပ်ပေး

ကေးဒူ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းစစ်ရှောင်စခန်း တစ်နေရာမှာ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) မှ ပထမဆုံးအကြိမ် စစ်ဘေးရှောင်အတွက် စိတ်ပိုင်းဆိုင်ရာလျော့ချမှု နှစ်သိမ့်ဆွေးနွေးတဲ့ စကားဝိုင်းကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ စစ်ဘေးရှောင်ကာလအတွင်း စစ်ရှောင်တွေ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အဖြစ်အပျက်တွေကို အချင်းချင်း ပြန်လည်မျှဝေ ရင်ဖွင့်ကြတဲ့ စကားဝိုင်းတခု...

MTB-MLE စနစ်နဲ့ ရေးဆွဲထားတဲ့ (ကယား) ကရင်နီဘာသာ သင်ရိုးညွှန်းကို လာမယ့် ဇူလိုင်လအတွင်း စတင်သင်ကြားနိုင်တော့မည်

ကန္တာရဝတီတိုင်း(မ်) မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသုံး ပညာရေး စနစ် ( MTB-MLE ) နဲ့ ရေးဆွဲထားတဲ့ (ကယား) ကရင်နီ ဘာသာ သင်ရိုးညွှန်းကို ၂၀၂၃ခုနှစ် ဇူလိုင်လလောက်ကစပြီး ကရင်နီပြည်တွင်းမှာ စတင်သင်ကြားနိုင်တော့မယ်လို့ ကရင်နီပြည်အစိုးရ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဘူးရယ်က ပြောဆိုပါတယ်။ Gread-2 အထိ စတင်သင်ကြားနိုင်မှာဖြစ်ပြီး...

မိုးဗြဲမှာ ဖေဖော်ဝါရီလလယ်ပိုင်း ကစပြီး နေ့စဉ်နီးပါး ပစ်ခတ်မှုဖြစ်ပွားနေ

ကန္တာရဝတီတိုင်း( မ် ) ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေ၊ တပ်အပြောင်းအလဲလုပ်တာတွေရှိတဲ့အတွက် နေ့စဉ်နီးပါး ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “လက်ရှိမှာတော့ စစ်ကောင်စီကတော့ မြို့ပေါ်မှာတော့...

အဖေ့ တပ်ကို ပြန်တော်လှန်နေတဲ့ သား

ကေးဒူ (ကန္တာရဝတီတိုင်း(မ်)) "Father(အဖေ) အနေနဲ့ကတော့ သူ CDM မလုပ်ဘူးပေါ့။ လက်ရှိမှာကလည်း သူတပ်မှာ တာဝန်ထမ်းဆောင်နေတယ်။ ကျနော့ အနေနဲ့ကတော့ ဒါကတော့ သူ့သမိုင်းသူရေးတယ်။ ကျနော်လည်း ကျနော့်သမိုင်း ကျနော် ရေးတယ်ပေါ့။ " ဒါကတော့ စစ်တပ်အသိုင်းအဝိုင်းကနေ ကြီးပြင်းလာပြီး စစ်အာဏာသိမ်းမှုအပေါ် လက်သင့်မခံပဲ သူတတ်ကျွမ်းတဲ့ နည်းပညာပိုင်းနဲ့...