CDMလုပ်တဲ့ လျှပ်စစ်ဝန်ထမ်း ၂၅ဦး ၊ နေ့စား ၇၀ကျော် အလုပ်ထုတ်ခံရ

0
664

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)နယ် ပြည်နယ်မှာ CDMလုပ်ကြတဲ့ မြို့နယ်အလိုက်က လျှပ်စစ်ဝန်ထမ်းတွေကို စစ်ကောင်စီက အလုပ်ကနေ ထုတ်ပစ် လိုက်တာ ဖြစ်ပါတယ်။

CDMမှာပါဝင်တဲ့ လျှပ်စစ်အမှုထမ်းဝန်ထမ်း ၂၅ ဦး နဲ့ နေ့စားဝန်ထမ်း ၇၀ကျော်ကို အလုပ်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

CDMဝင်တဲ့ လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦးကတော့ CDMဝင်တာ နောင်တမရဘူးလို့ဆိုပါတယ်။
” နောင်တလည်းမရဘူး။ CDMကိုဆက်ပြီးလုပ်သွားမှာပဲပေါ့။ CDMဝင်တဲ့သူတွေကို အဲ့လိုစာထုတ်မယ်ဆိုတာ သိပြီးသားပဲပေါ့။ အကြောင်းကြားစာ ရောက်ရောက်မရောက်ရောက် အစကတည်းကသိပြီးသားပဲပေါ့။ “

လျှပ်စစ်ရုံးမှာဆိုရင်လည်း CDM မပါဝင်တဲ့ ဝန်ထမ်းတွေလည်း ရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီကနေပြီးတော့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၁၀ (ဈ) အရဆိုပြီး ဧပြီလ ၂၈ရက်နေ့မှာ အလုပ်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်ကြောင်းပါရှိပါတယ်။

တခြားဌာနဆိုင်ရာက CDMလုပ်ကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို အလုပ်ကနေ ထုတ်ပစ် တာတွေ ရှိနေပါတယ်။