spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

COVID-19 သံသယလူနာ ကျန်းမာရေးအခြေအနေ ကောင်းမွန် ၊ ပိုးရှိမရှိအဖြေမသိရသေး

Author

Date

Category

ကန္တရဝတီတိုင်းမ်

COVID-19 Case(37) နဲ့ ထိတွေ့ခဲ့ဖူးတဲ့ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်နေ အမျိုးသမီးကို COVID-19 သံသယလူနာကို ဆေးစစ်ချက် ပိုးရှိမရှိအဖြေမသိရသေးကြောင်း၊ လက်ရှိမှာ ကျန်းမာလျက်ရှိကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ဧပြီလ၁၅ ရက်နေ့က ပြောပါတယ်။

“နေကောင်းကျန်းမာလျက်ရှိပါတယ်။ ပိုးအဖြေတော့မရသေးပါဘူး။ လောလောဆယ်တော့ ကျန်းမာရေးက သူကော သူ့ပတ်ဝန်းကျင်က ခေါ်ထားတဲ့သူကိုကော နေကောင်းလျက်ရှိပါတယ်” လို့ ဒေါက်တာဌေးလွင်က ကန္တရဝတီတိုင်းမ် ကို ပြောပါတယ်။

အဆိုပါ ဒေါဥခူရပ်ကွက်နေ သံသယလူနာဖြစ်သူမှာ Case 37 နဲ့ ထိတွေ့မှုရှိကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာကြောင့် ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းက ပြည်နယ်ကျန်းမာရေးဦးစီးဌာနကနေပြီး သွားရောက်ခေါ်ဆောင်ခဲ့ကာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးခြားကုသဆောင်တွင် ထားရှိခဲ့တာဖြစ်ပါတယ်။

သံသယလူနာရဲ့ ဆေးစစ်ချက်ကို ဓါတ်ခွဲစစ်ဆေးနိုင်ဖို့ ဧပြီလ ၁၃ ရက်နေ့ ညမှာပဲ ရန်ကုန်အမျိုးသားဓတ်ခွဲခန်းသို့ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

“လူနာကဖျားလည်းမဖျားဘူး အသက်ရှုမောကြပ်တဲ့လက္ခဏာလည်းမရှိဘူး ချောင်းဆိုးနှာချေတာလည်းမရှိဘူး။ ပိုးတွေ့တဲ့လူနာနဲ့ထိတွေ့တယ် တွေ့ဆုံခဲ့ဖူးတဲ့ ရာဇဝင်ရှိတယ်လေ။ အစ်မတို့က ဆေးစစ်ချက်အဖြေရဖို့ပို့ထားလိုက်ပြီ မနေ့ညတုန်းက(ဧပြီလ ၁၄ရက်) ညချင်းပဲ” လို့ လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်က ဧပြီလ ၁၃ရက်နေ့က ပြောဆိုထားပါတယ်။

ဧပြီလ ၇ ရက်နေ့က သံသယလူနာအမျိုးသမီးနဲ့အတူ ရန်ကုန်မြို့ကနေ လွိုင်ကော်မြို့ကို ကားတစ်စီးတည်း အတူလိုက်ပါခဲ့တဲ့ ခဲအိုဖြစ်သူ၊ အစ်မဝမ်းကွဲအမျိုးသား၊ သူငယ်ချင်းမိန်းကလေးတစ်ဦး၊ ယာဉ်မောင်း စုစုပေါင်း ၅ ဦး အပါအဝင် ၎င်းတို့နဲ့ဆက်စပ်တဲ့ အတူနေ မိသားစုဝင် ၃၆ ဦးကိုလည်း သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှာ Facility Quarantine ထားရှိပြီး စောင့်ကြည့်စစ်ဆေးလျက်ရှိပါတယ်။

သံသယလူနာနေထိုင်တဲ့ ဒေါဥခူရှိနေအိမ်ပတ်လည်ကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်လျက်ရှိသလို နေအိမ်စောင့်ကြည့်ပေးဖို့လည်း ပြည်နယ်ကျန်းမာရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မှာကြားထားတယ်လို့ ဆိုပါတယ်။

သံသယလူနာအမျိုးသမီးရဲ့ ဆေးစစ်ချက်တော့ လက်ရှိအချိန်ထိ ကျန်းမာရေးဌာနကနေ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၏ လူမှုကွန်ယက်စာမျက်နှာအရ သံသယလူနာမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အိမ်အမှတ် ခူ/၃၃၇ မှာနေထိုင်တဲ့ နော်ပစောထီးဝေ အသက် ၂၆ နှစ်ဖြစ်သူလို့ ပါရှိပါတယ်။

spot_img
spot_img

Recent posts