HomeKT FMKT-FM ကရင်နီဘာသာ အစီအစဉ် ဧပြီလ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်(ဗုဒ္ဓဟူးနေ့)

KT-FM ကရင်နီဘာသာ အစီအစဉ် ဧပြီလ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်(ဗုဒ္ဓဟူးနေ့)

-

KT-FM ကရင်နီဘာသာ အစီအစဉ် ဧပြီလ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်(ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– နန်းမယ်ခုံမြို့နယ်မှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ၂ ရက်အတွင်း ပြည်သူ ၄ ဦးသေဆုံး
– လေပြင်းတိုက်ခိုက်မှုကြောင့် ဆီးဆူ့တော် စစ်ရှောင်စခန်းက စာသင်ကျောင်းဆောင်နဲ့ တဲအိမ်တချို့ ပျက်စီး
– ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းက ဒေသတချို့မှာ ရက်သတ္တပတ်အတွင်း နေရာကျဲကျဲမိုးရွာသွန်းနိုင်၊ သဘာဝဘေးအန္တရာယ် သတိပြုဖို့လိုအပ်ကြောင်း NUG အသိပေး
– စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့်ရွာလုံးကျွတ် တိမ်းရှောင်နေရတဲ့ ကျေးရွာအတွက် အကူအညီလိုအပ်
– ဆီးဆူ့တော်စစ်ရှောင်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ပါးချိတ်ရောင်ရမ်းတာ ဖြစ်ပွားနေ ဆိုတဲ့ သတင်းနဲ့အတူ “နွေရာသီမှာ ကျန်းမာ၊ လုံခြုံဖို့ ဘယ်လိုနေထိုင်မလဲ” ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ ကယန်းဘာသာနှင့် ကယောဘာသာအစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ