KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ (၇) ရက်၊ ၂၀၂၆ ခုနှစ်(အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မြေပြို၊ ကမ်းပြိုတဲ့ သဘာဝဘေးတွေ ဖြစ်ပေါ်လာနိုင်
– သံတွဲတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီး
– ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးရှောင်စခန်းတနေရာမှာ တပိုင်တနိုင်ရန်ပုံငွေရရှိဖို့ ရည်ရွယ်ပြီး ငွေနှင်းမှို စိုက်ပျိုး ဆိုတဲ့သတင်းနဲ့အတူ “ကရင်နီပြည်၏ စစ်ရေးအလှည့်အပြောင်းနှင့် ဒေသခံတို့၏ မျှော်လင့်ချက်၊ စိုးရိမ်မှုများ”ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ ဖရူဆိုမြို့နယ်အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာ စီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်




