Kayah Radio July 4th Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား)
(တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ အခြေခံပညာကျောင်းတွေမှာ COVID-19 ကာကွယ်တားဆီးရေး လုပ်ငန်းအတွက် သီးသန့်ဘတ်ဂျက် ချထားတာမရှိတဲ့အတွက် ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေကနေ အသုံးပြုနေရတယ်ဆိုတဲ့သတင်း၊ ““ နောက်တစ်ကြိမ် ‘ မြေစာပင်’ မဖြစ်ချင်တော့” ဆိုတဲ့ ဆောင်းပါးလေးနဲ့ တေးရေး David Bee lp ရေးသားထားပြီးတော့ တေးဆို Nyein Chan သီဆိုထားတဲ့ My Love ဆိုတဲ့ ကယားသီချင်းကောင်းလေး တစ်ပုဒ်ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

ကယားပြည်နယ်အတွင်း အထက်တန်းကျောင်းတွေ ၁၈ ကျောင်းသာဖွင့်လှစ်နိုင်သေး

Wed Jul 22 , 2020
စိုးထိုက်အောင်၊ အန်ထောနီ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်တားဆီးရေးလုပ်ငန်းတွေ သတ်မှတ်ထားတဲ့ A အဆင့် ရှိနေပြီဖြစ်သော်လည်း ကယားပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းတွေ ၁၈ ကျောင်းသာဖွင့်လှစ်နိုင်ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ကျောင်းတွေက ဒုတိယအကြိမ်စစ်ဆေးမှုမှာ A အဆင့်ရရှိပေမဲ့လည်း ဖွင့်ခွင့်တော့မရသေးဘူးလို့ ကယားပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးလူစီယားနိုက ပြောပါတယ်။ ၎င်းက “ ကျနော်တို့ပြန်စစ်ပြီးသားရှိပါတယ်အကုန်လုံးတော့ A အဆင့်တော့ပြန်ရပြီ သို့သော် ဒုတိယအကြိမ်ပြန်စစ်တဲ့အခါကျတော့ဖွင့်ခွင့်တော့မရသေးဘူးပေါ့နော်။” လို့ ပြောပါတယ်။ ကယားပြည်နယ်က အထက်တန်းကျောင်းတွေနှင့် အထက်တန်းကျောင်းခွဲ စုစုပေါင်း(၅၆)ကျောင်း ရှိတဲ့အထဲက ၁၈ ကျောင်းသာ ဖွင့်လှစ်နိုင်သေးတာဖြစ်ပါတယ်။ ပထမအကြိမ်ကျောင်းတွေမှာ Covid-19 ရောဂါ ကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှုကို စစ်ဆေးစဉ်အချိန်က သတ်မှတ်ထားတဲ့ အဆင့်မရသေးဘဲ B အဆင့်သာရှိနေသေးတာဖြစ်ပါတယ်။ ယခုလိုအပ်ချက်တွေကို […]