Kayaw Radio Sept 3rd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယော)
(အင်္ဂါနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ပြည်တွင်းဝင်ရောက်လာသူအားလုံး သီးသန့်စောင့်ကြည့်မှုဝင်ဖို့ မိမိစရိတ်ဖြင့်ဝင်ရမမယ်ဆိုတဲ့သတင်း၊ ဒေသခံပါတီများကိုသာ ဝန်းရံပေးရန် ကယားကိုယ်စားလှယ်လောင်းများ တိုက်တွန်းလိုက်တယ်ဆိုတဲ့ သတင်းနဲ့ “တိုင်းရင်းသားအခွင့်အရေးအတွက် ခရီးကြမ်းကို ရွက်လွှင့်သူ သို့မဟုတ် ခွန်းဘီထူး” ဆိုတဲ့ ဆောင်းပါးလေးအပြင် ကယောသီချင်းကောင်းတစ်ပုဒ်တို့ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

ဝန်ကြီးချုပ်ဟောင်းကို အဂတိတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားထား

Tue Sep 15 , 2020
နော်ဒွေးအယ်ခူ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တိုင်ကြားထားပြီးဖြစ်တယ်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသဲရယ်က ပြောပါတယ်။ စက်တင်ဘာလ (၈)ရက်နေ့ ရက်စွဲနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌထံ ပေးပို့ထားပြီးဖြစ်ပါတယ်။ သို့ပေမယ့်လို့ စက်တင်ဘာလ ၁၄ရက်နေ့အထိ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ “လက်ရှိဖြစ်နေတဲ့အပေါ်မှာတော့ အဂတိအနေနဲ့ အရေးယူလို့ရမရဆိုတာကလည်း ကျနော်တို့ကိုရှင်းရှင်းလင်းလင်းအကြောင်းပြန်သင့်တယ်လို့ ကျနော်ပြောချင်တယ်။ အခုဟာလည်းပြောရမယ်ဆိုရင် ပြီးခဲ့တဲ့တစ်ပတ်မှာပဲ အဂတိကိုတင်ခဲ့တယ် အဲဒါအဂတိကလည်း ကျနော်ဆီ ဘာမှအကြောင်းမပြန်ဘူးပေါ့။အကြောင်းမပြန်ဘူး ဘားမှဖြေရှင်းချက်မပေးတဲ့အပေါ်မှာကတော့ အဂတိကလည်း ဒီဖက်ပါနေသလားပေါ့ ဒီလိုအလွဲသုံးတဲ့အပေါ် ထောက်ခံနေသလားပေါ့နော ကျတော်အဲလိုပဲပြောချင်ပါတယ်” လို့ ဦးသဲရယ်က ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်တဲ့အကြောင်းအရာအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရားဌားရမ်းငွေကို နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ ကိုယ်ရေးကိုယ်တာကိစ္စအတွက် သုံးစွဲခြင်း၊ […]