spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNDF တစ်နှစ်ပြည့်အခမ်းအနားကို ကရင်နီပြည်အတွင်းရှိ တစ်နေရာမှာ ကျင်းပ

မေလ ၃၁ ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဖွဲ့စည်းထူထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ကရင်နီပြည်နယ်အတွင်းရှိ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကိုဒီးဒီ – KNDF ဦးဆောင်ကော်မတီဝင်တစ်ဦး

ရဲဘော်တွေ အားလုံးကို ဆက်လက်ပြီးတော့ အားတင်းထားပေးဖို့ အဆုံးထိ ဆက်လက်လျှောက်လှမ်းဖို့ နောက်ပြီး ကျဆုံးသွားတဲ့ ကျနော်တို့ အာဇာနည်ရဲဘော်တွေရဲ့ ရည်မှန်းချက် ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဆက်လက်ပြီး အကောင်အထည်ဖော်ရဦးမယ်ဆိုတာကို ခေါင်းထဲထည့်ထားဖို့ပေါနော။ ပြီးတော့ လက်တွေ့လည်း ဆက်လက်ပြီး တိုက်ပွဲဝင်သွားဖို့ ပြောချင်တယ်။ အခက်အခဲတွေကတော့ ကြုံရမှာပဲပေါ့နော။ ကျနော်တို့တွေလည်း ပြည်သူကနေ လာတဲ့အတွက် ပြည်သူပဲ ဖြစ်တယ်ပေါ့နော။ ပြည်သူတွေရဲ့ မျှော်လင့်ချက်လည်း ကျနော်တို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့အတွက် အဆုံးထိပေါ့နော။ ဆက်လက်ပြီး အောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားဖို့အတွက် တိုက်တွန်းချင်တယ်။ အားပေးချင်ပါတယ်။ ရဲဘော်တိုင်းရဲ့ ပါဝင်မှုကို တန်ဖိုးထားတယ်။ လေးစားတယ်။ အသိအမှတ်ပြုတယ်ဆိုတာကို ပြောကြားချင်ပါတယ်။

အခမ်းအနားကို နီးစပ်ရာ တပ်ရင်းတွေကနေ စုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားကို ညီနှောင်မဟာမိတ် ၃ ဖွဲ့ နဲ့ ဗမာပြည်သူ့လွှတ်မြောက်ရေးတပ်တော် BPLA က သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

ကိုဒီးဒီ – KNDF ဦးဆောင်ကော်မတီဝင်

ပြည်သူတွေအနေနဲ့လည်း ကျနော်တို့ လိုချင်တဲ့ အေးချမ်းတဲ့ ဘဝပေါ့နော။ အခွင့်အရေးအပြည့်အဝ ရှိတဲ့ ဘဝတွေ တိုးတက်တဲ့ ဘဝတွေကို ရရှိဖို့အတွက် စွန့်လွတ်အနစ်နာခံရမှာတွေ ပြည်သူဖက်ကလည်း လိုတာပေါ့နော။ ဆိုတော့ ပေးဆပ်ရမှာပဲ။ ပြည်သူတွေကိုလည်း တဆက်တည်းမှာ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ပြည်သူတွေကနေပြီးတော့ အနစ်နာခံတယ်။ ကူညီတာတွေ အများကြီး ရှိတယ်ပေါ့နော။ ဆိုတော့ ပြည်သူထဲက ကျနော်တို့ တပ်ဖွဲ့ဝင်ပြီးတော့မှ ကျဆုံးသွားတဲ့ ပြည်သူ့ရင်သွေးတွေလည်း အများကြီး ရှိတယ်ပေါ့နော။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက အလာဟသ မဖြစ်ဘူးဆိုတာ ပြည်သူတွေကို ကျနော်တို့ ပြောချင်တယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထူထောင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး တပ်ရင်း ၂၁ ရင်း ရှိပါတယ်။

တစ်နှစ်ပြည့်မှာတော့ KNDF ရဲ့ ဥက္ကဌဖြစ်သူ ခွန်းဘီထူးက အထူးသဖြင့် ညီညွတ်မှုနဲ့ အခြားအင်အားစုများအားလုံးကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့ သူက KNDF တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းထားပါတယ်။

spot_img
spot_img