spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNDF တပ်ရင်း ၄က ရဲဘော် ဂျေရုမ်း မိုင်းနင်းမိရင်း ကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့တွင်းတစ်နေရာမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတဲ့အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၄မှ ရဲဘော် ဂျေရုမ်းဟာ ဒီဇင်ဘာလ ၄ရက်နေ့က ကျဆုံးသွားခဲ့ရပါတယ်။

ရဲဘော် ဂျေရုမ်းဟာ တပ်ရင်း(၄) တည်ထောင်တဲ့အတောအတွင်း ပထမဆုံး ကျဆုံးသွားတဲ့ ရဲဘော်ဖြစ်တယ်လို့ KNDF တပ်ရင်း ၄ တပ်ခွဲမှူးက ဆိုပါတယ်။

“ ကျနော်တို့အနေနဲ့ကတော့ ဒါကကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ပေးဆပ်မှုတစ်ခုလို့ ကျနော်တို့ မြင်တယ်။ သို့သော် ကျနော်တို့ လမ်းခရီးဟာ လိုရင်းပန်းတိုင်ကို မရောက်သေးဘူး။ ကျနော်တို့ကို ဆက်ပြီးတော့ တွန်းလှန်သွားဖို့ ဒါတိုက်တွန်းလိုက်တာပဲပေါ့နော။ ဆိုတော့ သူ့ရဲ့ ကျဆုံးမှုအပေါ်မှာ ကျနော်တို့ ဂုဏ်ယူတယ်။ လေးစားတယ်။ ပြီးတော့မှ သူ့ရဲ့ ရဲဝံ့စွာနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ဒီလိုအသက်ပေးသွားတာပေါ့နော။ ဆိုတော့ ကျနော်တို့ ကျန်တဲ့ရဲဘော်တွေ ဖယ်ဒရယ် ဒီမိုကရေစီမရမချင်း ကျနော်တို့ ဆက်ပြီး ကျန်တဲ့ ရဲဘော်တွေနဲ့ အဲဒါတွေကို ခွန်အားယူရင်း ကျနော်တို့ ဆက်ပြီးတော့မှ ကြိုးစားသွားမှာပေါ့နော။ “ လို့ KNDF တပ်ရင်း ၄ တပ်ခွဲမှူးက ပြောပါတယ်။

ရဲဘော် ဂျေရုမ်းကတော့ KNDFတပ်ရင်း ၄ တပ်ခွဲ ၁က ရဲဘော်တစ်ဦးဖြစ်ပြီး အသက် ၁၉နှစ်သာရှိသေးတာဖြစ်ပါတယ်။ သူဟာ စစ်ကောင်စီထောင်ထားတဲ့ အားပြင်းပြီး အသက်သေဆုံးနိုင်တဲ့ နင်းမိုင်း ၁၆မိုင်း အမျိုးအစားကို နင်းမိခဲ့တာဖြစ်ပါတယ်။ ညာခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရပြီး ကယ်ဆယ်ရေး ပြုလုပ်ရင်းနဲ့ လမ်းမှာပဲ ကျဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

တစ်ဦးတည်းသောသားဖြစ်သလို မိခင်ကို ကျွေးမွေးစောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီး လက်ရှိမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတဲ့ သူ့ရဲ့ မိခင်အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။

“ တော်သေးလို့ သူ ( ရဲဘော် ဂျေရုမ်း မိခင် ) ဘားမဖြစ်ဘူး။ သူ( ရဲဘော် ဂျေရုမ်း မိခင် ) တက်မလား ဘယ်လိုဖြစ်မလဲ ပြောတာ။ သူများ သူ့ကို( ရဲဘော် ဂျေရုမ်း မိခင် ) ဝိုင်းအားပေးခါကျတော့ သူ( ရဲဘော် ဂျေရုမ်း မိခင် ) လည်း သူ့( ရဲဘော် ဂျေရုမ်း မိခင် ) စိတ်ကို ဖြေသိမ့်လိုက်တယ်နဲ့တူတယ်။ “ လို့ ဂျေရုမ်းနဲ့ ဆွေမျိုးနီးစပ်သူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်း ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်အတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ဦးသေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF တပ်ရင်း ၄ က ထုတ်ပြန်ထားတာရှိပါတယ်။

ဒီဇင်ဘာလ ၄ရက်နေ့မှာတော့ နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တဲ့အပြင် မြေမြုပ်မိုင်းနင်းမိတဲ့ ရဲဘော် ဂျေရုမ်း ကျဆုံးခဲ့ရပြီး တခြား အသေးစား ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တချို့လည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေမှာ မြေမြုပ်မိုင်းထောင်ထားလေ့ရှိပြီး စစ်ကောင်စီ တပ်ဆုတ်သွားတဲ့အချိန် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က နယ်မြေရှင်းလင်းရေးလုပ်ရင်း မိုင်းနင်းမိ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ကရင်နီမှာဆိုရင် နိုဝင်ဘာ ၂၉ရက်နေ့ကနေ ဒီဇင်ဘာ ၅ရက်နေ့အထိ ၈ရက်အတွင်း KNDFမှ ရဲဘော် ၄ဦး ကျဆုံးသွားခဲ့ရပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts