spot_imgspot_imgspot_imgspot_img
Saturday, April 26, 2025
spot_imgspot_imgspot_imgspot_img

KNDF ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ရင်း ဗိုလ်ကြီးနဲ့ တပ်ကြပ် ကြီး အပါအဝင် ၄ဦး သေဆုံးခဲ့



ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဇွန်လ ၃၀ရက်) မှာ လောပိတအမှတ် (၂) သင်္ဘောပင်စခန်းနဲ့ ဓာတ်ဦးပွင့် ဘုန်းကြီးကျောင်း ကြား လမ်းမပေါ် ရိက္ခာသယ်ပို့နေတဲ့ စစ်ကောင်စီယာဉ်တစ်စီးကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် တပ်ရင်း ဗိုလ်ကြီး တစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် တပ်သား ၂ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ စစ်ကောင်စီရဲ့ နေ့စဉ်ပေါ့နော ရိက္ခာသယ်နေတဲ့ ကားတစ်စီးရှိတယ်။ အဲ့ကားနဲ့ ကျနော်တို့ ထိပ်တိုက်တွေ့တယ်ပေါ့နော။ ကင်းလှည့်တဲ့ အဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီးတော့မှ ထိတွေ့မှု ဖြစ်တယ်ပေါ့နော။ တိုက်ပွဲကတော့ ၈နာရီ ၄၅ကနေ ၉နာရီ ၅မိနစ်လောက်ထိကြာတယ်။ “ လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောပါတယ်။

ကင်းလှည့်နေတဲ့ KNDF တပ်ရင်း ၁၀ နဲ့ စစ်ကောင်စီတို့ ထိပ်တိုက်တွေ့ပြီး ထိတွေ့ တိုက်ပွဲ မိနစ် ၂၀ ကြာ ဖြစ်ပွားခဲ့ကြတာဖြစ် ပါတယ်။ထိတွေ့မှုမှာ KNDFဖက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ တပ်ရင်း ဗိုလ်ကြီး ကိုင်ဆောင်တဲ့ ၉ မမ ပစ္စတို သေနတ် တစ်လက်၊ ကျည် ၁၂ ထောင့် နဲ့ ဖုန်းနှစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့ တိုက်ပွဲအပြီးမှာ လောပိတ အခြေစိုက် အမှတ် ၇၂ တပ်ရင်း မှ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လေးအိမ်စု ကျေးရွာက နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူအထိအခိုက် မရှိဘူးလို့ သိရပါတယ်။

spot_img
spot_img