spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNPP တပ်ဖွဲ့ဝင် သေဆုံးမှု ပြည်ထောင်စုအဆင့်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီဇင်ဘာ ၂ဝ ရက်နေ့က  တပ်မတော်မှ နယ်မြေရှင်းလင်းရာမှ သေဆုံးခဲ့သော KNPP အဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦးတို့၏   ဖြစ်စဉ်အခြေအနေမှန် ပေါ်ပေါက်စေရေးအတွက် ပြည်ထောင်စုအစိုးရမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

ပြည်နယ်အစိုးရမှ တာဝန်ရှိသူမျာထံသို့ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တင်ပြထားပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရန်သာ ရှိနိုင်ကြောင်း ဝန်ကြီးက ဆိုသည်။

“ဒီဖြစ်စဉ်ကို တစ်ဘက်ကလည်း အစိုးရကို တိတိကျကျတင်ပြထားတာမရှိသလို KNPP အဖွဲ့အစည်းဘက်ကလည်း တရားဝင်တိတိကျကျတင်ပြထားတာမရှိခဲ့ပါဘူး။ သို့ပေသော်လည်းပဲ အစိုးရဆိုတာ တာဝန်ရှိတာဖြစ်တဲ့အတွက်ကြောင့် Information လေးတွေကို စုံစမ်းပြီးတော့မှ လက်ရှိတာဝန်အရှိဆုံးဖြစ်တဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ရရှိတဲ့သတင်းတွေကို ပြည်ထောင်စုအစိုးရကို တင်ပေးပါတယ်။ NRPC ကိုတင်ပေးတယ်။”ဟု ဝန်ကြီးချုပ်က ကန္တာရဝတီတိုင်း(မ်)သို့ ဖြေကြားသည်။  

လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနှင့် ဒေါတခြားကျေးရွာအကြား ဒီဇင်ဘာလ  ၂ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သော KNPP နှင့် တပ်မတော်တို့၏ ထိတွေ့မှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူ မိသားစုဝင်များကို ကယားပြည်နယ်အစိုးရအဖွဲ့၊ KNPP တာဝန်ရှိသူများက ယနေ့ ဒီဇင်ဘာ ၂ရ ရက်နေ့ နံနက် ၉ နာရီက ကယားပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံခဲ့ကြအပြီး ဝန်ကြီးချုပ်က ကန္တာရတီတိုင်း(မ်)ကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်ဖြစ်သည်။

ယင်းဖြစ်စဉ်အပေါ် KNPP အပြင် အခြားသော တိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက အထူးစုံစမ်းစစ်ဆေးပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။  

ပြည်နယ်အစိုးရမှ ရရှိထားသော သတင်းအချက်အလက်များကို ပြည်ထောင်စုအဆင့်တာဝန်ရှိသူများထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“NRPC က ဒီရရှိတဲ့ သတင်းအချက်အလက်တွေကို ခုံရုံးဖွဲ့စိစစ်ပြီးတော့မှ စိစစ်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် သူတို့လုပ်နေတယ်။ ရလာတဲ့ ရလဒ်ပေါ်မူတည်ပြီးတော့မှ မှားရင်မှားတဲ့ဘက်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒါကလက်ရှိ ပြည်နယ်အစိုးရကော ပြည်ထောင်စုအစိုးရကော ဆောင်ရွက်ထားပေးတဲ့အနေအထားကို ပြောတာပါ။”ဟု ဝန်ကြီးချုပ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များက KNPP နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)မှ တာဝန်ရှိသူများ ဒီဇင်ဘာ ၂၆ ရက်နေ့က  သုံးပွင့်ဆိုင် တွေ့ဆုံခဲ့ပြီး ပြည်နယ်၏ ငြိမ်းချမ်းရေးကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ ငြိမ်းချမ်းရေး အဓွန့်ရှည်တည်တံ့စေရေး၊ ဒေသနေပြည်သူများ ငြိမ်းချမ်းရေး၏ အနှစ်သာရများအား ပြည့်စုံစွာခံစားပြီး ပြည်နယ်ကြီး ဘက်စုံတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် နှစ်ဦးနှစ်ဖက်အနေဖြင့်လည်း ငြိမ်းချမ်းရေးကိုသာ ရေရှည်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း ကယားပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

သေဆုံးခဲ့သော KNPP အဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦးတို့၏ မိသားစုဝင်များအား ကယားပြည်နယ်အစိုးရအဖွဲ့၊ KNPP တာဝန်ရှိသူများက ယနေ့ ဒီဇင်ဘာ ၂ရ ရက်နေ့ နံနက် ၉ နာရီက ကယားပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံခဲ့ကြစဉ် ကယားပြည်နယ်အစိုးရမှ မိသားစုဝင်များကို ငွေကျပ် ၅ သိန်းစီထောက်ပံ့ခဲ့သည်။ 

spot_img
spot_img

Recent posts