spot_img
Sunday, April 2, 2023
spot_img

KNPP ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းမှာ ဆေးဝါးလိုအပ်နေ

spot_imgspot_imgspot_imgspot_img
ဓါတ်ပုံ – KnIC

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ ကျန်းမာရေးအတွက်ဆေးဝါးလိုအပ်​နေတယ်လို့ ကရင်နီကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

၎င်းက ” အားနည်းချက်တော့ ရှိတယ် ဆေးဝါးတွေပေါ့နော်။ သားဖွားတို့ မိခင်တို့ လိုမျိုး နာတာရှည် ရောဂါသည်လိုမျိုး ပန်းနာရင်ကျပ်တို့ တီဘီတို့ ကင် ဆာတို့ အရမ်းအခက်အခဲဖြစ်တယ်။ ရေရှည် နာတာရှည် ကုဖို့းဝေါးတွေ အခက်အခဲရှိတယ်။ နောက်ပြီးတော့မှ နောက်ပြီးအလှူရှင်ငလည်း မပေါ်လာသေးဘူးဆိုတော့ ကျနော်တို့ ဟို ဆယ့်ငါးရက်စာ ရက်နှစ်ဆယ်စာ တို့ပဲပေးနိုင်တာပေါ့နော်။ အလှူရှင်ကလည်း ပြည့်ပြည့်ဝ ဝ မထောက်ပံ့ပေးနိုင်ဘူးပေါ့။ ဆေးဝါးတွေအများကြီးလိုအပ်တယ်။ အားနည်းလျက်တွေ ပများကြီးလိုအပ်တာပေါ့လေး။ နောက်ပြီး ဥပမာ လူနာတွေလွှဲပြောင်းဖို့ ကိစ္စ တွေကလည်း ထိုင်းက လုံးဝ လက်မခံတော့ ကျနော်တို့လွှဲပြောင်းရတာခက်ခဲတယ်ပေါ့နော်။ ” လို့ပြောပါတယ်။

လက်ရှိ ငါးနှစ်အောက် ကလေးငယ်တွေမှာ နှစေးချောင်းဆိုး အအေးပတ်ပြီး ကိုယ်တွေလည်း မကြာခဏပူလို့ ဆေးတွေတိုက်နေရတယ်လို့ ကလေးမိခင် ဒေါ်ပိုးမယ်ကပြောပါတယ်။

“အရင်က ကလေးချောင်းဆိုးပျောက်းေဆးသွားတောင်ဖူးတယ် မရှိဘူးလိူ့ပြောတယ်လေး။ အခုတော့ ထပ်ပြီးချောင်းဆိုးတ့ဲအခါ သွားပြန်တောင်းတော့ ဆေးရပြီ အခုက ကုန်တောင်ကုန်တော့မယ်။ “

အဲ့ဒီအခြေခံဆေးဝါးတွေနဲ့ ရာသီဥတုကြောင့်ဖြစ်တဲ့ လည်ချောင်းနာ၊ ချောင်းဆိုး စတဲ့ ရောဂါတွေကို အဓိက ဆေးပေးကုသပေး​နေပေမယ့်လည်း ဆေးဝါးတွေ မလုံလောက်ဘူးလို့ ကရင်နီအမျိုးသမီးအစည်းအရုံး ( KNWO) ကအတွင်းရေးမှူး ( ၂ ) မော်ပရေးမြာ ကပြောပါတယ်။

” ဒီမှာက ဆေးဝါးမလုံလောက်ဘူးပေါ့နော်။ ဆေးတွေက ကလေးတွေဖျားပြီဆိုရင် ဒီချောင်းဆိုး နှာချည်ဆေးတောင်မှ မရှိဘူးပါ့နော်။ မရှိတ့ဲဟာမျိုးသူတို့ပေးလိုက်ပြီဆိုရင်နောက်တယောက်ထပ်လာမယ်ဆိုရင် အဆင်မ​ပြေ​ေတာ့ဘူးပေါ့။ လူနာတွေကလည်း ကျန်းမာဖို့အရမ်းအရေးကြီးနေတော့ အခုလည်း ကိုဗစ်ထပ်ဖြစ်လာတယ် ကြား​တော့ ပိုပြီးတော့ စိတ်ပူတာပေါ့။ “

လက်ရှိမှာတော့ ကိုဗစ်ကာလကြောင့် လိုအပ်တဲ့ ဆေးဝါးတွေကို ဝယ်ယူသယ်ဆောင်ဖို့အတွက် အခက်အခဲဖြစ်နေပြီး အခြေခံဆေးဝါးတွေကိုသာ သယ်ဆောင်နေရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆေးဝါးတွေ အစုံအလင်မရှိသလို ရောဂါကိုဓာတ်ခွဲဖို့ ဓာတ်ခွဲခန်းမရှိတဲ့အတွက် ရောဂါကိုခန့်မှန်းပြီးကုသနေရတယ်လို့ ဆိုပါတယ်။

၅နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံဖို့လည်း ဆေးဝါးမရှိသလို သူတို့အတွက် ဆေးရည်တွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

ရောဂါတွေအတွက် ဆေးဝါးမရှိပဲ အခြားဆေးခန်းကို လွဲပြောင်းရတာတွေလည်းရှိပါတယ်။

စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦးရှိပါတယ်။ ငါးနှစ်အောက်ကလေးတွေက ၇၀ ကျော်ရှိပါတယ်။

ယခုဆိုရင် ၎င်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ထိန်းချုပ်နယ်မြေထဲ စစ်ဘေးဒုကသည် တစ်ထောင်ကျော်အထိရှိလာပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...