spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNPP ပြုလုပ်တဲ့ အပတ်စဉ် (၆) တစ်လတာ ပါတီကေဒါ သင်တန်း ပြီးဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ကနေ ပြုလုပ်တဲ့ ပါတီကေဒါ သင်တန်းဆင်းပွဲကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP ) ထိန်းချုပ်နယ်မြေဖြစ်တဲ့ တလဲဒူဆို ( ညာမို )  မှာ ဒီကနေ့  ဒီဇင်ဘာလ ၂၁ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ 

သင်တန်းသား၊သင်တန်းသူ ၁၈ယောက်နဲ့ လေ့လာသူတချို့ကို သင်ကြားပို့ချပေးခဲ့ပြီး လက်ရှိနိုင်ငံရေးဖြစ်စဉ်ကို လူထုတွေ နားလည်သိမြင်ဖို့ ရှင်းပြ ချပြ နိုင်ဖို့ အခုလိုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ရတာဖြစ်တယ်လို့ သင်တန်းကျောင်းအုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အထွေထွေအတွင်းရေးမှူး  ခူပလူးရယ်က ပြောပါတယ်။ 

အမှန်က လူထုတွေရဲ့ခံစားချက်၊ လူထုတွေရဲ့ လိုလားချက်တွေပေါ့။ ကျနော်တို့ သိဖို့လိုတယ်။ ဒါကြောင့်ကျနော်တို့ အခုချိန်မှာတော့ ဒါအားလုံးကတော့ အကြမ်းဖျင်းပေါ့နော။ သိနေကြတယ်။ မြင်နေကြတယ်ဆိုပေမယ့် အသေးစိတ် သူတို့ လူထုတွေရဲ့ အသေးစိတ် ခံစားချက်တွေကို မထုတ်ဖော်နိုင်ဘူး။ ယေဘုယျအားဖြင့် ပြောနေကြတယ်။ ခန့်မှန်းနေကြတယ်။ အဲဒီလိုဖြစ်တယ်ပေါ့။ အဲဒီလုပ်ငန်းတွေက သူတို့ လုပ်ရမှာတွေ ရှိတယ်ပေါ့နော။လို့ ခူပလူးရယ်က ပြောပါတယ်။ 

သင်တန်းမှာ ကရင်နီသမိုင်း၊ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးသိပ္ပံ/ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သဘောတရားရေးရာ ( ကရင်နီအမျိုးသား ခုခံတော်လှန်ရေးအဖွဲ့ဝင်တိုင်း တည်ဆောက်ရမည့် အတွေးအခေါ် ) ၊ ဖယ်ဒရယ်စနစ် အခြေခံ၊ ရုံးစီမံခန့်ခွဲမှု၊ လုပ်ငန်းစီမံကိန်း စီမံခန့်ခွဲမှု၊ လက်နက်မဲ့ စစ်ရေးပြ၊ တခြားနိုင်ငံရေးဆိုင်ရာတွေကို သင်ကြားပေးခဲ့ပါတယ်။ သင်တန်းသားအဖြစ် ပါဝင်ခဲ့တဲ့ ခူးလူရယ်ဒူ ကတော့ သင်တန်းမှာသင်ယူ ရရှိခဲ့တာတွေကို အခုလို ပြောပြပါတယ်။ 

ကျနော်တို့ နိုင်ငံရေးအကြောင်းအရာတွေပေါ့နော။ ပထဝီနိုင်ငံရေး ဒီကမ္ဘာမြေကြီးနဲ့ ဆိုင်တဲ့ ကျနော်တို့ နိုင်ငံရေးပေါ့နော။ အဲဒါတွေလည်း သင်ယူလေ့လာခွင့်ရရှိတယ်။ အရင်တုန်းက ကျနော်တို့ ပထဝီဆိုတာက သင်ယူရရှိတာက ရိုးရိုးကမ္ဘာကြီးအကြောင်းပဲပေါ့။ အခုက ဒီပထဝီနဲ့ နိုင်ငံရေးက ဘယ်လိုဆက်စပ်လဲဆိုတာကို ထဲထဲဝင်ဝင်နဲ့ ပိုပြီးတော့ လေ့လာရရှိခဲ့တယ်။ ပိုပြီးတော့ ပညာအများကြီး ရရှိတယ်ပေါ့။ ဆိုတော့ နောက်တစ်ခုပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဖွဲ့စည်းပုံပေါ့နော။ လက်ရှိမှာက ကျနော်တို့ NUG ကအစ ကျနော်တို့ KSCC မှာက ဒီအစီအမံတွေ Chapter တွေရှိတယ်။ ဆိုတော့ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဖွဲ့စည်းပုံအကြောင်းတွေ ပိုပြီးတော့ လေ့လာခွင့်ရရှိတဲ့အတွက်ကြောင့် ဒီအကြောင်းအရာတွေ Chapter တွေနဲ့ လူငယ်တွေ အားနည်းချက် အားသာချက်တွေနဲ့ အများကြီး ပိုပြီးတော့ သိမြင်တယ်ပေါ့နော။ ဆိုတော့ ဖွဲ့စည်းပုံ တစ်ခုရဲ့ အားနည်းချက် အားသာချက်တွေ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအကြောင်းတွေ သုံးခုစလုံး လေ့လာဖြစ်တယ်ပေါ့။လို့ ခူးလူရယ်ဒူက ပြောပါတယ်။ 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ဥက္ကဌ ခူဦးရယ်ကလည်း ပါတီကေဒါသင်တန်းပြီးမြောက်သွားသူတွေဟာ KNPP ရဲ့ အမာခံဖြစ်သွားတဲ့အတွက် ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီး ဆက်လက်လေ့လာဖို့ အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။ 

သင်တန်းဆင်းပွဲမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ဥက္ကဌ ခူဦးရယ်၊ ပါတီအထွေထွေအတွင်းရေးမှူးတွေနဲ့ ပါတီဝင်တချို့ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်ပေးအပ်တာတွေ ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

၁၉၈၁ခုနှစ်မှာ စတင်ဖွဲ့လှစ်ခဲ့တာ လက်ရှိမှာ အပတ်စဉ် () ရှိသွားပြီ ဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပါတီဝင် အဖြစ်ခံယူထားသူတွေသာ ဒီသင်တန်းကို တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့ကနေ ဒီဇင်ဘာလ ၂၁ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှာလည်း တစ်နှစ်ကို တစ်ကြိမ် ပါတီကေဒါသင်တန်းတွေကို ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts