spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNPP ရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ကြိုဆိုထောက်ခံကြောင်း လူအင်အား ၁ သောင်းကျော် ဆန္ဒထုတ်ဖေါ်

Author

Date

Category

မူအက်စတာ၊ နော်ဒွေးအယ်ခူ

ကယားပြည်နယ်က ဘာသာရေးအသင်းအဖွဲ့တချို့နဲ့ လူထုတွေ စုပေါင်းပြီး ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲကို မေလ ၁၅ ရက်နေ့၊ လွိုင်ကော်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

KNPP အနေနဲ့တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCAကို လက်မှတ်ရေးထိုးနိုင်ရေးနဲ့ အဲဒီ NCA လမ်းကြောင်းပေါ်ဆက်လျှောက်သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် အခုလို ထောက်ခံပွဲလုပ်တာဖြစ်ပါတယ်။

ဘာသာရေးအသင်းအဖွဲ့တချို့နဲ့ လူထုတွေ စုပေါင်းပြီး ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲမြင်ကွင်း (ဓါတ်ပုံ-မူအက်စတာ)

“ထုတ်ပြန်ချက်တစ်ခုနဲ့ ဆွေးနွေးချက်သုံးခုအပေါ်မှာ ကျွန်တော်တို့ပြည်သူတစ်ဦးအနေနဲ့ သူတို့ရဲ့ NCAလမ်းကြောင်းပေါ်လျှောက်မယ် ဆိုတဲ့အချက်ကို သဘောကျပြီးတော့ ကျွန်တော်တို့ သာသနာအသီးသီးမှာရှိတဲ့ သာသနာအမှုတော်ဆောင်တွေ၊ ကျွန်တော်တို့ရဟန်းတွေ၊ ဆရာတော်တွေ၊ နောက်ပြီးကျွန်တော်တို့ပြည်သူူထုတွေ ကျွန်တော်တို့သန္ဓေတည်ပြီးတော့ ပေါက်ဖွားလာတယ်ပေါ့နော” လို့ အင်္ဂလီကန်အသင်းတော်မှ ဆရာတော်စတိုင်လိုက ပြောပါတယ်။

ဒီထောက်ခံကြိုဆိုပွဲဟာ KNPP ကို NCA စာချုပ်မှာ အမြန်ဆုံးလက်မှတ်ရေးထိုးဖို့အတွက် ဆန္ဒပြတောင်းဆိုခြင်းမဟုတ်ဘဲ၊ အားပေးထောက်ခံတဲ့သဘော ဖြစ်တယ်လို့ ဆရာတော်စတိုင်လိုက အခမ်းအနားမှာ ပြောကြားပါတယ်။

ဒီငြိမ်းချမ်းရေးထောက်ခံကြိုဆိုပွဲကြီး ဖြစ်မြောက်ဖို့အတွက် ဘယ်ပါတီ၊ အဖွဲ့အစည်း၊ အစိုးရ၊ တစ်ဦးတစ်ယောက်ရဲ့ ဖိအားပေးမှုမှမပါဝင်ဘဲ တိုင်းရင်းသားလူထုတွေရဲ့ ကြိုဆိုအားပေးထောက်ခံနဲ့သာ လုပ်ဆောင်သွားခဲ့လာလို့ ကယားပြည်နယ် ငြိမ်းချမ်းရေး အားပေးထောက်ခံကြိုဆိုပွဲ ဖြစ်မြောက်ရေးကော်မတီက ဦးသက်နောင်ထွန်းက ပြောပါတယ်။

“KNPP လို အဖွဲ့အစည်းက ပြည်သူတွေ ဖိအားပေးတိုင်းလည်း သူလုပ်ချင်မှလုပ်မယ် ကျွန်တော်ဒီလိုပဲ ယုံကြည်တယ်။ ဒါပေမဲ့ ပြည်သူ့ဆန္ဒတွေကိုတော့ ထည့်သွင်းစဉ်းစားမယ်လို့ ကျွန်တော်တို့အားလုံးက ယုံကြည်တယ်။ ကျွန်တော်တို့က လက်မှတ်ထိုးပါလို့လည်း မပြောပါဘူး။ ဒါအားလုံးဟာ ရှေ့ကိုဘယ်လိုသွားကြမလဲ ကျွန်တော်တို့ ကယားပြည်နယ် တည်ငြိမ်အေးချမ်းရာ အေးချမ်းကြောင်းအတွက် ဘယ်လိုလုပ်ကြမလဲဆိုတာကို ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်စီစဉ်းစားပြီးတော့မှ လုပ်ခဲ့ကြတာပါ။ ဘယ်သူ့ရဲ့ ဖိအားမှလည်း မပါပါဘူး။ ပါတီအရောင်အသွေးတစ်ခုခုရဲ့ တွန်းအား ဖိအားလည်း တစ်ခုမှလည်း မပါပါဘူး”လို့ ဦးသက်နောင်ထွန်းကပြောပါတယ်။

ဒီထောက်ခံပွဲကို တအိမ်တယောက်နှုန်းနဲ့ ကိုတက်ရောက်ပါဝင်ဖို့ တချို့ကျေးရွာတွေမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ကတဆင့် ဆင့်ခေါ်တာတွေရှိနေတယ်လို့ တက်ရောက်သူတွေတချို့ဆီကနေ သိရပါတယ်။

တဖက်မှာလည်း ငြိမ်းချမ်းရေးကိုလိုလားတဲ့ လူထုတွေအနေနဲ့ KNPP ကို ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ထောက်ခံကြိုဆိုနေတာတွေဟာ KNPP ကိုဖိအားပေးသလိုဖြစ်နေနိုင်ပြီး ဒါဟာ အဖွဲ့အစည်းတခုခုက ပြည်သူတွေရဲ့ အင်အားကို လွဲမှားစွာ အသုံးချသလိုဖြစ်နေမှာကိုစိုးရိမ်တယ်လို့ ကရင်နီလူအခွင့်အရေးအဖွဲ့ က ဒါရိုက်တာ ဦးဗညားကပြောပါတယ်။

“ကေအဲန်ပီပီတွေ ပြောလေ့ပြောထရှိတာက လူထုတွေနဲ့တစ်ထပ်တည်းရှိတယ်၊ လူထုတွေနဲ့ တစ်ထပ်တည်းအမြဲတမ်းရှိတယ်၊ လူထုတွေကိုအမြဲအလေးထားတယ်ဆိုတဲ့ နိုင်ငံရေးတစ်ခုကို တည်ဆောက်ခဲ့တယ်လေး အခုချိန်မှာ လူထုတွေက ထိုးပါလို့ဖိအားပေးလာရင် ကေအဲန်ပီပီက လူထုအသံကို ဂရုစိုက်တယ် အသားပေးတယ် နားထောင်တယ်ဆိုတဲ့ ပုံစံမျိုး NCAကို ထိုးရမှာကိုလည်း မဖြစ်သင့်ဘူးလို့ ကျွန်တော့်မြင်ပါတယ်”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးဗညားက ဆိုပါတယ်။

“NCAကိုတော့ ကျွန်တော်တို့သိပ်နားမလည်ဘူး။ ငြိမ်းချမ်းရေးဆိုတာ ဘယ်သူမဆိုလုပ်လို့ရတယ်ပေါ့ ကျွန်တော်တို့ပြည်သူလူထုက အင်အားဖြည့်အနေဖြင့်ပဲ ပူးပေါင်းဆောင်ရွက်ပေးခြင်း တစ်မျိုးပဲဖြစ်ပါတယ်”လို့ တက်ရောက်လာတဲ့ ခူးဦးရယ် ကဆိုပါတယ်။

ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲကို ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်က တိုင်းရင်းသားပေါင်းစုံနှင့် ဘာသာရေးအဖွဲ့အသီးသီးက ခေါင်းဆောင်တွေ စုစုပေါင်း လူဦးရေ တစ်သောင်းကျော်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

spot_img
spot_img

Recent posts