spot_img
Monday, March 27, 2023
spot_img

KSCC မှာ သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံး ပူးပေါင်းပါဝင်နိုင်ဖို့ ကြိုးပမ်းသွားမည်ဟုဆို

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဖွဲ့စည်းပြီး တစ်နှစ်ကျော်အကြာမှာ ပထမအကြိမ်ညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်ထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ KSCCမှာ သက်ဆိုင်ရာ အစုအဖွဲ့ (Stake holder) တွေ အားလုံး ပူးပေါင်းပါဝင်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ KSCC ဥက္ကဌ ဖြစ်တဲ့ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။

လက်ရှိ KSCC မှာ အစုအဖွဲ့ ကြီး ၄ဖွဲ့ အပြင် အဖွဲ့ အစည်း၆ ဖွဲ့ နဲ့ ဖွဲ့စည်းထားတာဖြစ်ပေမယ့် ကျန်တဲ့ အစုအဖွဲ့တွေကို ပါဝင်လာအောင် ကြိုးပမ်းသွားမယ်လို့ လည်းပြောပါတယ်။

“မပါဝင်နိုင်သေးတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ နောက်တခြား တစ်သီးပုဂ္ဂလပဲဖြစ်ဖြစ်ပေါ့နော။ အသိပညာရှင် အတတ်ပညာရှင် ဒါတွေအားလုံးကို ကျနော်တို့ KSCCထဲမှာ ပါဝင်လာနိုင်ရေး ကို ကျနော်တို့ ကြိုးပမ်းသွားဖို့ လုပ်ငန်းစဉ်ကြီးတစ်ခုကို ကျနော်တို့ က ထားထားတာရှိပါတယ်။ “ လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

လက်ရှိ KSCCမှာဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်နယ်ကြားကာလဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည်အမျိုးသမီးများအင်အားစု၊ ကရင်နီပြည်နယ်လူမျိုးစု လူငယ်အင်အားစု နဲ့ ကရင်နီပြည်နယ်အရပ်ဖက်အဖွဲ့အစည်း စတဲ့ အင်အားစု ၆ခု ပါဝင်ပါတယ်။

KSCCရဲ့ ပထမအကြိမ်ညီလာခံကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့ကနေ (၂၀)ရက်နေ့အထိ ၄ ရက်ကြာ အွန်လိုင်းနဲ့ မြေပြင်ပုံစံနှစ်ရပ်ဖြင့် ကျင်းပခဲ့ကြပါတယ်။ အင်အားစု ၆ခု ပါဝင်တဲ့ KSCCအဖွဲ့ဝင် (၁၁)ဦး ကို ရွေးချယ်ခဲ့ပြီး အဲ့ဒီအထဲကနေ အလုပ်အမှုဆောင်အဖွဲ့ (၇) ဦး ရွေးချယ်အတည်ပြုခဲ့ကြပါတယ်။ KSCCရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဆက်လက် ရွေးချယ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် နယ်မြေအနေအထားနဲ့ လုံခြုံရေးကြောင့် နာမည်ဖော်ပြီး မပါဝင်နိုင်သေးသူတွေရှိနေပေမယ့် သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ယခင်လိုရှိနေမြဲဖြစ်တယ်လို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

“ KSCCကို ပြန်လည်ဖွဲ့စည်းတဲ့ နေရာမှာ လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့မှ စစ်အာဏာရှင်ချုပ်ငြိမ်းသည်အထိပေါ့နော တော်လှန်တိုက်ပွဲဝင်သွားကြမယ်လို့ ကတိကဝတ်ပြုရအောင် ဆိုပြီးတော့မှ ကျနော်တို့ သဘောထားကျကြတယ်။ တချို့ အဖွဲ့အစည်းတွေကတော့ အဲ့သလိုပေါ့နော သူတို့ရဲ့ နယ်မြေအနေအထား လုံခြုံ ရေး အနေအထားအရပေါ့နော မဖော်ပြလိုသေးတဲ့အတွက်ပေါ့နော။ ပြောရမယ်ဆိုရင်တော့ အဆင်သင့်မဖြစ်သေးလို့ပေါ့နော ဖော်ပြဖို့အဆင်သင့်မဖြစ်သေးတဲ့အတွက် ခေတ္တ ကျန်နေတာပါ။“ လို့ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။

ညီလာခံမတိုင်ခင် KSCC မှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၊ ကယန်းပြည်သစ်ပါတီ နဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး တို့ဟာ ပထမအကြိမ်ညီလာခံ မှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...