spot_imgspot_imgspot_imgspot_img
Monday, June 23, 2025
spot_imgspot_imgspot_imgspot_img

KSCC မှ လူသားချင်းစာနာထောက်ထားမှု ကော်မီတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဗညား နှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲ့ ထက်ဝက်ကျော်သော လူဦးရေတွေဟာ တောတောင်ထဲကို စစ်ဘေးရှောင်နေရတာ တစ်နှစ်ကျော်ရှိလာပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

စစ်ဘေးရှောင်နေရတာ ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်လပ်မှုကို အကြီးမားဆုံး ရင်ဆိုင်နေရပါတယ်။ ယခုနှစ် စိုက်ပျိုးရာသီမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် သီးနှံတွေ မစိုက်ပျိုးနိုင်ကြသေးပါဘူး။ စစ်ဘေးရှောင်တွေဟာ စစ်ပွဲကြောင့် သေဆုံးမှုထက် စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC မှ လူသားချင်းစာနာထောက်ထားမှု ကော်မီတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

စစ်ဘေးရှောင်ကရင်နီလူထုတွေအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုပြသနာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်ပါသလဲ?

လက်ရှိ ကရင်နီ စစ်ဘေးရှောင်တွေ ရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာအခြေအနေ ၊ ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးအခွင့်အလမ်း၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီရရှိနေမှု နဲ့ အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေနဲ့ ပါတ်သက်ပြီး  ဦးဗညားကို ကန္တာရဝတီတိုင်း(မ်) မှ တွေ့ဆုံမေးမြန်းထားပါတယ်။

အပြည့်အစုံကို ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။

spot_img
spot_img