spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ မေလ ၁၅ ရက်နေ့ ( ‌‌တနင်္လာနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– လက်နက်ကြီးကျရောက်မှုတွေ ရှိနေတာကြောင့် ဘောလခဲ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်
– စစ်ရှောင်လူထုအတွက် ရက် (၃၀)အတွင်း သိန်း(၁၀၀၀) ကမ်ပိန်း ပြုလုပ်
– ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ၊ ဒေါစဲ၊ ဒေါတငူးဘက်ကို ပြည်သူတွေ မပြန်ကြဖို့ KNDF တားမြစ်
– ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ကျန်ရစ်ခဲ့တဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းလာ
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေနဲ့ ဒေသတွင်းသတင်းတွေ …..
-အမျိုးသမီးကဏ္ဍကနေပြီး “ ကန့်လန့်ကာနောက်ကွယ်က နို့တိုက်မိခင်” ဆိုတဲ့ ဆောင်းပါး ကို ကြားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img