HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၄ ) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၄ ) ရက်၊ (တနင်္လာနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၄ ) ရက်၊ (တနင်္လာနေ့)
– ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်နေအိမ်တလုံး မီးလောင်ပြာကျ
–  ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံး
–  CRPH နဲ့ ကရင်နီပြည်ဒီမိုကရက်တစ်ပါတီတွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြ
– တော်လှန်ရေးတပ် အချင်းချင်းပစ်ခတ်မှု အဖြစ်မှန်ပေါ်‌ပေါက်ရေး စုံစမ်းစစ်‌ဆေးရေးအဖွဲ့ ဖွဲ့စည်း
– ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်အမှတ်(၁) မှာ ၂ ပတ်အတွင်း ဝက်အကောင်ရေ ၈၀ ဝန်းကျင် သေဆုံး ၊ အသားရောင်းဝယ်မှုကို ယာယီပိတ်ပင်ထား
စတဲ့သတင်းတွေအပါအဝင် “အမှောင်ထုတွေနဲ့ လွှမ်းခြုံနေတဲ့ လက်ကျန်ဘဝ” ဆိုတဲ့ သတင်းဆောင်းပါးနဲ့ မိုးလေဝသတင်းတွေကိုကြားကြရမှာပါ။  ဒါ့အပြင်  အပတ်စဉ်တင်ဆက်ပေးတဲ့ ကုန်ဈေးနှုန်းသတင်းနဲ့ အမျိုးသမီးနဲ့ပတ်သက်တဲ့ တစ်ပတ်အတွင်းသတင်းတွေကိုလည်း ဆက်လက်နားဆင်ကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ