spot_img
18.4 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာ၀က်ခြံရဲ့အညစ်အကြေးတွေ သောက်သုံးရေကန်ထဲ မရောက်ဘူးလို့ ကုမ္ပဏီဘက်ကပြော

၀က်ခြံရဲ့အညစ်အကြေးတွေ သောက်သုံးရေကန်ထဲ မရောက်ဘူးလို့ ကုမ္ပဏီဘက်ကပြော

-

ပြီးခဲ့တဲ့ပတ်တွေထဲက ဒီးမော့ဆိုမြို့နယ် ဒေါကလိုကျေးရွာအနီးမှာ မွေးမြူထားတဲ့ ပြင်သစ်ဝက်ခြံကနေ အညစ်အကြေးတွေထွက်လာတယ်ဆိုပြီး ဒေသခံတွေစိုးရိမ်နေကြတဲ့အပေါ်မှာ ဒေသခံတွေအသုံးပြုတဲ့ သောက်သုံးနေတဲ့ ရေချောင်းထဲကိုမရောက်သွားဘဲ ချောင်းဘေးမှာရှိတဲ့စပါးစိုက်ခင်းထဲကိုသာ ဝင်ရောက်သွားတာဖြစ်တယ်လို့ ကုမ္မဏီဘက်က တာဝန်ရှိသူက ပြန်လည်ရှင်းလင်းသွားပါတယ်။

အဆိုပါ ဝက်မွေးမြူရေးခြံမှာ ယခင်က မျိုးရင်းဝက်မ အကောင်၂၆၀ရှိပြီး ယခုအခါမှာ မျိုးရင်း ဝက်မတွေကနေ သားပေါက်တဲ့အကောင်ရေတွေနဲ့ စုစုပေါင်းအကောင်ရေ ၂၀၀၀ကျော်ခန့် ရှိနေတာဖြစ်ပါတယ်။

ဝက်အကောင်ရေ ၂၀၀၀ကျော်ကနေ ခန့်မှန်းခြေတစ်နေ့ကို ဝက်ချေး ၂၅ ကီလိုဂရမ် ၁၀အိတ်ဝန်းကျင်လောက် ထွက်ရှိတယ်လို့ သိရပါတယ်။

အနီးအနားကျေးရွာမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တစ်ချို့က ဝက်ခြံကနေထွက်ရှိလာတဲ့ ဝက်ချေးတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုဖို့အတွက် ပြောထားတဲ့သူတွေရှိတဲ့အတွက် သူတို့ကိုပေးဖို့ ဝက်ချေးအိတ်တွေကို စုထားတာကနေ မိုးရွာချတဲ့အခါမှာ ဝက်ချေးတွေ အရည်ပျော်လာပြီး ခြံရဲ့အောက်ခြေကနေ အပြင်ဘက်ကိုစိမ့်ထွက်သွားတာဖြစ်တယ်လို့ ဒေါက်တာပြည့်ဖြိုးမောင်ကဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ