spot_img
15 C
Loikaw
Sunday 8, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာကိုဗစ်ကာလအသုံးပြုကြတဲ့ Mask တွေကို စနစ်တကျစွန့်ပစ်ဖို့လို

ကိုဗစ်ကာလအသုံးပြုကြတဲ့ Mask တွေကို စနစ်တကျစွန့်ပစ်ဖို့လို

-

ကိုဗစ်ကာလအတွင်းမှာ ပြည်သူတွေ အသုံးပြုခဲ့ကြတဲ့ မျက်နှာဖုံးတွေ(Mask) တွေကို စနစ်တကျ စွန့်ပစ်ကြဖို့ လိုအပ်နေပါတယ်။

Maskတွေကို စနစ်တကျသုံးပြီးတော့ စနစ်တကျစွန့်ပြစ်တတ်ဖို့ကို ရည်ရွယ်ပြီးတော့ ပြီးခဲ့တဲ့ ၁၇ ရက်နေ့က ဒီးမော့ဆိုမြို့ မြို့မဈေးမှာ အသိပညာပေး စည်းရုံးလှုပ်ဆော်မှုတွေ Clean Kayah အဖွဲ့တွေက လိုက်လံပြုလုပ်နေပါတယ်။

Clean Kayah အဖွဲ့ဝင် မနော်ခူးဒိုက “ ကျမတို့ဒီ Camping လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ လူထုကပေါ့နော် Maskတွေကို စနစ်တကျတပ်ဆင်သလို စနစ်တကျစွန့်ပြစ်တက်ဖို့အတွက်လုပ်ဆောင်ခြင်းဖြစ်တယ်ပေါ့နော်။” လို့ ပြောပါတယ်။

၂၀၂၀၊ အောက်တိုဘာလ ၁၉ရက်နေ့က ဒီးမော့ဆိုမြို့မ ဈေးမှာ စွန့်ပစ် Mask တွေကိုကောက်တာ၊ Mask တွေကို စနစ်တကျစွန့်ပစ်ဖို့အတွက် ပိုစတာတွေကပ်တာနဲ့ ဈေးသွားဈေးလာတွေကို Mask တွေ စနစ်တကျတပ်ဖို့နဲ့ စွန့်ပစ်ဖို့ လိုက်လံပြောပြတာတွေကိုလုပ်ဆောင်ခဲ့ပါတယ်။

Clean Kayah အဖွဲ့မှ လူငယ်၂၀ဦးနဲ့ စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ချို့၊ ဈေးကော်မတီက ဝန်ထမ်းတစ်ချို့စုစုပေါင်း ၃၀၀န်းကျင်နဲ့ ပြုလုပ်ခဲ့ကြတာပါ။

စည်ပင်သာယာရေးကော်မတီမှာ လူအင်အားနည်းတဲ့အတွက် အခုလိုဒီးမော့ဆိုမြို့မဈေးမှာလာရောက်ပူးပေါင်းလုပ်ဆောင်ပေးတဲ့အတွက် အရမ်းအားရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးတင်မောင်ဖေက ပြောပါတယ်။

“ ဒီကိစ္စနဲ့ပတ်သတ်လို့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ဆီမှာတော့ အင်အားလဲနည်းတယ်။ အခုလိုပူးပေါင်းပေးတဲ့အတွက် အားလဲအရမ်းရှိတယ်ပေါ့နော်။ ကျနော်တို့ ဒေသမှာက လူအင်အားစည်ပင်ဖွဲ့စည်းပုံကလဲနည်းတယ်။ ကျနော်တို့ ကော်မတီရဲ့အင်အားနဲ့အတတ်နိုင်ဆုံးပေါ့နော် ကိုယ့်ဈေး၊ ကိုယ့်မြို့၊ ကိုယ့်ရွာသာယာအောင်တော့ ကျနော်တို့အတတ်နိုင်ဆုံးကြိုးစားပြီးတော့ လုပ်ကိုင်တဲ့အခါမှာ တစ်ဖက်တစ်လမ်းကနေပြီးတော့ အားပေးတဲ့အတွက်ကျနော်တို့ ပိုပြီးတော့ အားရှိပါတယ်။” လို့ ဦးတင်မောင်ဖေက ပြောပါတယ်။

အဆိုပါ Clean Kayah အဖွဲ့ကို မေတ္တာဖောင်ဒေးရှင်းအဖွဲ့၊ မိဇ္ဇျိမနှလုံးသား၊ စက်ဘီးချစ်သူအသင်း၊ JRS အဖွဲ့၊ TBC အဖွဲ့၊ Law Home အဖွဲ့နဲ့ တစ်သီးပုဂ္ဂလ လူတစ်ချို့တို့ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီးမော့ဆိုဈေးမှာ ကောက်လို့ ရရှိတဲ့ Mask အရေအတွက် စုစုပေါင်း ၄၀၀နဲ့ ၅၀၀အကြားကောက်ယူရရှိခဲ့တယ်လို့ သိရပါတယ်။

“ ပေးချင်တဲ့ သတင်းစကားကတော့ အဓိက က ဒီ Maskကကျမတို့ကို ဒီ Covid-19 ကနေကာကွယ်ပေးနိုင်သလို တစ်ဖက်မှာလဲ ကျမတို့ စနစ်တကျမစွန့်ပစ်ဘူးဆိုရင်လဲ ဒါက အန္တရာယ်ရှိနိုင်ပါတယ်။ အခုဆိုရင်လဲ ကျမတို့ ရွာမှာ၊ လမ်းမှာဆိုရင် ဘယ်လိုတွေ့ရလဲဆိုရင် ကလေးတစ်ချို့က ဒီစွန့်ပစ် Maskတွေကိုကိုင်ဆော့တာတွေ၊ ခွေးတွေဆွဲသွားတာတွေ၊ နွားစားမိတာတွေပေါ့နော် ဒါတွေကို ကျမတို့တွေ့နေရတယ်။ အဲ့အတွက်ကြောင့်မလို့ ကျမတို့ ပြည်သူလူထုတိုင်းက ကိုယ့်ရဲ့အသုံးအဆောင်ဖြစ်တဲ့ ကိုယ်သုံးပြီးသား Maskကို ကျမတို့ စနစ်တကျပြန်သိမ်းပြီးတော့ အမှိုက်တောင်းထဲကို စနစ်တကျပြန်စွန့်ပြစ်ဖို့ အဲ့တာလေးတော့ မေတ္တာရပ်ခံချင်ပါတယ်။” လို့ မနော်ခူးဒိုကပြောပါတယ်။

အပတ်စဉ် စနေနေ့တွေမှာ လမ်းမကြီးဘေးတွေ၊ ကိုဗစ် စစ်ဆေးရေးဂိတ်တွေနဲ့ ဈေးတွေမှာ စွန့်ပြစ် Mask တွေကို လိုက်ကောက်နေတာ ၄ကြိမ်ရှိနေပြီဖြစ်ပါတယ်။

လာမည့် အပတ်စနေနေ့မှာ လွိုင်ကော်မြို့ သိရိမင်္ဂလာတောင်ဈေးမှာ စွန့်ပစ် Maskတွေကိုကာက်တဲ့ Camping ပြုလုပ်သွားမယ်လို့သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ