Homeမာလ်တီမီဒီယာKNPP အမြဲတမ်းပါတီဗဟိုကော်မတီဝင် ရဲဘော် ခွန်းရီမာန်ထူး ရဲ့ စျာပန အခမ်းအနား မှတ်တမ်းအကျဉ်း

KNPP အမြဲတမ်းပါတီဗဟိုကော်မတီဝင် ရဲဘော် ခွန်းရီမာန်ထူး ရဲ့ စျာပန အခမ်းအနား မှတ်တမ်းအကျဉ်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိူးသားတိုးတက်ရေးပါတီ KNPP ရဲ့ အမြဲတမ်းပါတီဗဟိုကော်မတီဝင် ရဲဘော် ခွန်းရီမာန်ထူးရဲ့ ရုပ်ကလပ်ကို မေလ ၁၃ ရက်နေ့ က လွတ်မြောက်နယ်မြေတနေရာမှာ ဂူသွင်းသဂြိုလ်ခဲ့ပါတယ်။

အခမ်းအနားသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီခေါင်းဆောင်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုကွယ်ထူးဝင်း၊ ပအိုပ့်အမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်း ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ကရင်နီပြည်အတိုင်ပင်ခံကော်စီ KSCC ၊ ကရင်နီပြည်အစိုးရ ဌာနဆိုင်ရာများ၊ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုကျောင်းသားကျောင်းသူများ၊ အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းများ တက်ရောက်ဂါရဝ ပြုခဲ့ကြပါတယ်။

အဆိုပါ အစီအစဥ်အတွင်း ရဲဘော် ခွန်းရီမာန်ထူးရဲ့ကိုယ်ရေးအကျဥ်းများ ဖတ်ကြားခြင်း၊ ပေးပို့လာတဲ့ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ အမှတ်တရစကားများ ပြောကြားခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ ဂူသွင်းသဂြိုလ်ခြင်း စတဲ့ အစီအစဥ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

KNPP အမြဲတမ်းပါတီ ဗဟိုကော်မတီဝင် ရဲဘော် ခွန်းရီမာန်ထူးက လူကြီး​ရောဂါနဲ့ မေ ၁၀ ရက်နေ့၊ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရဲဘော် ခွန်းရီမာန်ထူးဟာ အသက် ၈၂ နှစ်မှာ ကွယ်လွန်သွားခဲ့တာပါ။

ရဲဘော် ခွန်း​ရီမာန်ထူးဟာ ၁၉၇၈ ခုနှစ်မှာ ကရင်နီပြည်ကို ကျူး​​ကျော်လာတဲ့ ဖဆပလ စစ်အစိုးရကို ရရာလက်နက်နဲ့ ခုခံတော်လှန်ခဲ့သူတွေထဲမှာ စတင်ပါ၀င်ခဲ့တဲ့ ကရင်နီတော်လှန်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ခွန်းရီမာန်ထူး ရဲ့ ဈာပန အခမ်းအနား မှတ်တမ်းအကျဉ်းကို ဖော်ပြလိုက်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ