Myanmar Radio July 5th Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)
(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ကယားတစ်ပြည်နယ်လုံး မဲဆန္ဒပေးခွင့်ရှိသူ နှစ်သောင်းခွဲကျော်တိုးလာတယ်ဆိုတဲ့သတင်း၊ ပြည်နယ်ဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ မူဝါဒနဲ့အညီ knpp နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သတင်းနဲ့ ထိုင်းရောက် ကြေးကွင်းပတ် ကယန်းအမျိုးသမီးတွေ မိမိနေရပ်ပြန်လာတဲ့ အကြောင်း ရေးသားထားတဲ့ဆောင်းပါးလေးအပြင် တေးရေး ရန်နိုင်ထွန်း ရေးစပ်ထားပြီးတော့ တေးဆို ညီညီထွေးနဲ့ ရန်နိုင်ထွန်းတို့ သီဆိုထားတဲ့ “ဝေး” ဆိုတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မှာ ကရင်နီ လူမှုအသင်းအဖွဲ့တွေ ရဲ့ အသံ တွေကို ဖော်ပြပေးလိုက်ပါတယ်။

Thu Jul 30 , 2020
NLD ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဘာတွေ တိုးတက်ပြောင်းလဲ လာသလဲ။ ဘာအားနည်းချက်တွေရှိနေပါသလဲ။ဒီလက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မှာ ကရင်နီ လူမှုအသင်းအဖွဲ့တွေ ရဲ့ အသံ တွေကို ဖော်ပြပေးလိုက်ပါတယ်။ မူလားကော်ရက်တီ အထွေထွအတွင်းရေးမှူးကယန်းအမျိုးသမီးအစည်းအရုံး (KyWO)“ဒီအစိုးရအနေနဲ့ အားကောင်းကောင်းနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်နေတာ ဆိုတာထက် လက်ရှိသူတို့ အစိုးရသက်တမ်းမှာ ဂုဏ်ပုဒ်ကို ထိန်းသိမ်းတဲ့အနေနဲ့ပဲ လုပ်ဆောင်နေတဲ့ အခြေအနေမျိုး၊ အဆင့်ထိပဲရှိတယ် ပေါ့။ အားကောင်းကောင်းနဲ့ လိုလိုလားလားနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သွားနေကြတာမဟုတ်ဘူး လက်ရှိအခြေ အနေကလေ။ ပြည်သူတွေကလည်း ယုံကြည်မှုအပြည့်နဲ့ ဒါကို ထောက်ခံအားပေးပြီးတော့ လက်မှတ်ထိုး သင့်ပါတယ်ဆိုတဲ့ ပံ့ပိုးဝန်းရံမှုမရှိသလို၊ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့အစည်းတွေကလည်း နိုင်ငံရေးအခြေအနေအရ […]