Myanmar Radio Sept 2nd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)
(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ရွေးကောက်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပုံစံ ၃ (က) ဖြင့်မဲပေးနိုင် အထင်ကရလည်ပတ်နေရာများယာယီပိတ်သိမ်းတယ်ဆိုတဲ့သတင်း၊ စည်ပင်သာယာဈေးများ တစ်ပတ်သုံးရက်သာ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာလိုက်တဲ့သတင်းနဲ့ “မက်ခွင့်မရသေးတဲ့အိပ်မက် နှင့် ၃ ဘာသာ ဂုဏ်ထူးရှင်” ဆိုတဲ့ ဆောင်းပါးလေးအပြင် တေးရေး Justice Dove ရေးသားထားပြီးတော့ The Grace Music Team က သီဆိုထားတဲ့ “Covid -19” ဆိုတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

အစိုးရသစ်မှာ ငြိမ်းချမ်းရေးအကြောင်းတတ်သိနားလည်သူ ပါဝင်ဖို့လို

Fri Sep 11 , 2020
စိုးထိုက်အောင် နောက်တက်မယ့် အစိုးရသစ်မှာ ငြိမ်းချမ်းရေးအကြောင်းတတ်သိနားလည်သူ ပါဝင်နိင်မှ ပြည်နယ်ငြိမ်းချမ်းရေးမှာ ဆောင်ရွက်ရာမှာ ပိုမို အားကောင်းလာမယ်လို့ ပြည်နယ် အရေး လေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က ပြောပါတယ်။ “တကယ်တမ်း ဒီလက်ရှိလက်ကျန်ကာလမှာရော၊ နောက်တတိယအကြိမ်တက်မယ့်၊ တာဝန်ယူရမယ့်အစိုးရသစ်မှာရောပါ တကယ်တမ်းပြောရရင်တော့ ဒီအတွက်ကိုငြိမ်းချမ်းရေးဆိုင်ရာအရ လေ့လာသိရှိထားတဲ့သူမျိုးတွေပါဝင်မယ်ဆိုရင် ပိုပြီးတော့မှကို တိုင်းရင်းသားလက်နက်ကိုင် KNPP နဲ့ပိုမိုအားကောင်းလာလိမ့်မယ်ပေါ့။ တကယ်တမ်းက ပါးစပ်ကပဲ ပြည်သူ့အစိုးရတို့၊ လူထုရွေးချယ်ထားတဲ့အစိုးရလို့ ပြောနေပြီးတော့တကယ့်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာကျတော့ တပ်မတော်တို့၊ တပ်မတော်အငြိမ်းစားတို့ကိုပဲ တာဝန်ပေးနေမယ်ဆိုရင်တော့ ဒါသည် ဘယ်လိုမှကို ပြည်နယ်အတွက် ပိုမိုအားကောင်းတဲ့အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မှာမ ဟုတ်ပါဘူး ခင်ဗျာ့။” လို့ကိုကျော်ထင်အောင်က ဆိုပါတယ်။ KNPP ဖက်ကတော့ လက်ရှိ ပြည်နယ် အစိုးရဟာ ငြိE1်းချမ်းရေး အပိုင်းမှာ […]