spot_img
18.4 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအာဏာသိမ်းကာလအတွင်း KNDFအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ကျဆုံးသူ ၂၁ ဦးထိရှိ

အာဏာသိမ်းကာလအတွင်း KNDFအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ကျဆုံးသူ ၂၁ ဦးထိရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မေလ(၂၁) ရက်နေ့ကနေ လက်ရှိအချိန်ထိ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဝင်အားလုံး သေဆုံးသူ (၂၁) ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားတပ်စု (PKPF) လူမှုကွန်ယက်စာမျက်နှာမှာ စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ အဓိက တိုက်ပွဲအတွင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ KNDFမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ အဓိကကတော့ တိုက်ပွဲအတွင်းမှာပဲခင်ဗျာ။ တချို့ကတော့ တိုက်ပွဲ ဖြစ်နေရင်းနဲ့ ဖမ်းဆီခံရ ပြီး သေသွားတဲ့သူလည်း ရှိပါတယ်ခင်ဗျာ။’’လို့ သူက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ အတွင်း တိုက်ပွဲပေါင်း (၇၉)ကြိမ် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ(၁)ရက်နေ့ကနေ စက်တင်ဘာ (၂၇)ရက်နေ့အထိ သေဆုံးသွားသူ (၁၀၁) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

သေဆုံးသွားသူတွေထဲမှာ KNDFနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် သေဆုံးသူ (၂၁)ဦး၊ သပိတ်အတွင်းသေဆုံးသူ(၂)ဦး၊ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုခံရတဲ့ အရပ်သားပြည်သူ(၇၂)ဦး နဲ့ စစ်ဘေးရှောင်ရင်း သေဆုံးသွားသူ(၆)ဦး တို့ ဖြစ်တယ်လို့ PKPFက ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ