spot_img
15.4 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မြို့ ကုန်းသာကျေးရွာတွင် မိုင်း ပေါက်ကွဲပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

လွိုင်ကော်မြို့ ကုန်းသာကျေးရွာတွင် မိုင်း ပေါက်ကွဲပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

-

ဓတ်ပုံ -​ရွှေလွိုင်ကော်ပရဟိတအသင်း။

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ၊ ကုန်းသာကျေးရွာမှာ တိုက်ပွဲကာလအတွင်း ထောင်ထားတဲ့ မိုင်း မတော်တဆ ပေါက်ကွဲပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၁၃ရက်နေ့မှာ ရွှေလွိုင်ကော်ပရဟိတအသင်းမှ လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ပြည်သူ ၃ ဦးအနက် အသက် (၄၁)နှစ်အရွယ်တစ်ဦးမှာ ဘယ်လက်ကောက်ဝတ်ပေါက်ပြဲခြင်း၊ အသက် (၂၉)နှစ်အရွယ်တစ်ဦးမှာ ဘယ်ခြေသလုံး မိုင်းအစဖောက်ဝင်ခြင်း သွေးထွက်လွန်ခြင်း၊ အသက် (၃၁)နှစ်အရွယ်တစ်ဦးမှာ ညာခြေသလုံး လက်မဝက်ခန့်ပေါက်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်မှာ လွိုင်ကော်မြို့ ကုန်းသားကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်တွေ အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။

တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိတဲ့အတွက် ဒေသခံပြည်သူအချို့ ခြေထောက်ပြတ်၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ