spot_img
15.4 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းရဲဘော်စိုင်းဘုန်းမင်းသန့်အလောင်းကို ရက်လေးဆယ်ကျော်ကြာမှ ပြန်လည်သယ်ယူနိုင်ခဲ့

ရဲဘော်စိုင်းဘုန်းမင်းသန့်အလောင်းကို ရက်လေးဆယ်ကျော်ကြာမှ ပြန်လည်သယ်ယူနိုင်ခဲ့

-

ဓါတ်ပုံ – CJ

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာ(၂၀)ရက် ခြောက်မိုင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် စိုင်းဘုန်းမင်းသန့်ရဲ့ အလောင်းကို ရက်လေးဆယ်ကျော်အကြာမှာ ပြန်လည်သယ်ယူနိုင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃၀ရက်နေ့ညမှာ ပြန်လည်သယ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ KPDF Pageမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို သူနဲ့အတူနောက်ဆုံးရှိခဲ့တဲ့ မိန်းကလေးရဲ့ ညွှန်ပြမှုနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရှာဖွေပေးသူအားလုံးကို ကျေးဇူးတင်တယ်လို့ စိုင်းဘုန်းမင်းသန့်မိခင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားပါတယ်။

” ဒီရက်တွေမှာ သားကိုချစ်တဲ့စိတ်နဲ့ တနေရာရာမှာ အသက်ရှင်နေပါစေ ဆိုတဲ့ မရဲတရဲမျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလဲ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ “

စိုင်းဘုန်းမင်းသန့်ဟာ ပြည်မကနေ ကရင်နီပြည်နယ်ကို လာရောက် လက်နက်ကိုင်တော်လှန်တဲ့ မန္တလေးက သပိတ်ခေါင်းဆောင် လူငယ်တစ်ဦးဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် စိုင်းဘုန်းမင်းသန့် ဟာ အစိုးရ စက်မှုလက်မှုသိပ္ပံ (မန္တလေး) စက်မှုအင်ဂျင်နီယာဌာနက ဒုတိယနှစ် ကျောင်းသားတဦးဖြစ်ပါတယ်။ ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ၊ အထက်မြန်မာပြည် ကင်းထောက်လူငယ် နေနဲ့လည်း တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မေလ၂၁နေ့ကစပြီး ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ KNDF ၊ KA နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ၆လအတွင်း KNDF ၊ KA နဲ့ တခြားလက်နက်ကိုင် ရဲဘော် အယောက်၃၀ သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု ( PKPF ) က ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ