spot_img
18.3 C
Loikaw
Wednesday 12, November 2025
spot_img
Homeသတင်းဒီးမော့ဆိုမြို့ စစ်ရှောင်စခန်းတစ်ခုမှာ မူလတန်းကလေး ၃၉ ယောက် အတန်းတင်လက်မှတ်ပေး

ဒီးမော့ဆိုမြို့ စစ်ရှောင်စခန်းတစ်ခုမှာ မူလတန်းကလေး ၃၉ ယောက် အတန်းတင်လက်မှတ်ပေး

-


ကန္တာရဝတီတိုင်း ( မ် )

ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ မူလတန်းကလေးတွေကို ၆ လသာ ပညာသင်ကြားမှု ပြုလုပ်ပြီးတဲ့နောက် ကျောင်းသူ/သား ၃၉ ယောက် အတန်းတင်လက်မှတ် ပေးအပ်ခဲ့တယ်လို့ သင်ကြားပေးခဲ့တဲ့ ဆရာမ မာတီးနာက ပြောပါတယ်။

အခုလို ပေးအပ်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဆရာမ မာတီးနာက အခုလိုရှင်းပြပါတယ်။

“ ကျမတို့က ကလေးတွေကို ယာယီအတန်းပြီးမြောက်ကြောင်း လက်မှတ်တစ်ခုကို ပေးသွားခဲ့တယ်ပေါ့နော။ ဘာကြောင့်လဲဆိုလို့ရှိရင် ဒီကလေးဟာ ဘယ်အတန်းစာကို လေ့လာခဲ့ပြီးပြီလဲ။ ဒါဆိုရင် အကယ်၍နောက် စစ်ရှောင်စခန်းသစ်မှာ ထပ်ပြောင်းရွေ့ခဲ့ရမယ်ဆိုလို့ရှိရင် ကလေးက ဘယ်အတန်းကို လေ့လာခဲ့ပြီးပြီလဲဆိုရင် ဘယ်အတန်းကို ဆက်ပြီးတော့ လေ့လာခဲ့ပြီးပြီလဲဆိုရင် အဆုံးအဖြတ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် တကယ်တမ်းကလေးဆိုရင် စဉ်ဆက်မပြတ် လေ့လာသင်ယူဖို့ရော လိုအပ်လိမ့်မယ်ပေါ့။“ လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့မှာ ကျောင်းဆင်းပွဲပြုလုပ်ရင်း အတန်းတင်လက်မှတ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတက်ရောက်ခဲ့တဲ့ ကျောင်းသား ၉၄ ဦးရှိပေမယ့် တစ်လ၊နှလသာ တက်ရောက်နိုင်တဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ ပဉ္စမတန်းတက်ဖို့အတွက် စာကို ရအောင်ကြိုးစားတယ်။ ညတိုင်းစာကျက်တယ်။ မီးမရှိတဲ့အချိန်မှာတောင် စာကျက်တယ်။ အခက်အခဲတွေကြုံရတယ်။ စာအုပ်တွေ မလောက်လို့ အခက်အခဲတွေ အားလုံးကြုံရတယ်။” လို့ ကျောင်းသူ တစ်ဦးကပြောပါတယ်။

NUG, KSCC လမ်းညွှန်ထားတဲ့ သင်ရိုးညွှန်းတန်းတွေနဲ့ သင်ကြားခဲ့တာဖြစ်ပြီး နောက်ထပ်လည်း သင်ကြားပေးဖို့ ရှိတယ်လို့ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်စခန်း အများစုတွေမှာ ယာယီစာသင်ကျောင်းဖွင့်လှစ်သင်ကြား ပေးနေတာရှိပါတယ်။ စစ်ရှောင်စာသင်ကျေင်းတွေမှာ လက်ရှိအချိန်အထိ ကလေးတွေအတွက် ဖတ်စာအုပ်၊ သင်ထောက်ကူပစ္စည်း လိုအပ်ချက်တွေ ရှိနေပါသေးတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ