spot_img
16.7 C
Loikaw
Tuesday 18, November 2025
spot_img
Homeမာလ်တီမီဒီယာစစ်ရှောင်စခန်းက လူငယ်တွေဦးဆောင်ပြီး “မိဘများနေ့” ပွဲပြုလုပ်

စစ်ရှောင်စခန်းက လူငယ်တွေဦးဆောင်ပြီး “မိဘများနေ့” ပွဲပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ ၂၆ရက်နေ့က ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ “မိဘများနေ့” ပွဲအခမ်းအနားကို စစ်ရှောင်စခန်းက လူငယ်တွေနဲ့ ကလေးတွေ ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။

“ အဓိကရည်ရွယ်ချက်က မိဘပွဲနေ့ဖြစ်တဲ့အတွက်ကြောင့် စစ်ဘေးမရှောင်ခင်ကတည်းက ရွာမှာနေရင်လည်း ပွဲကြီးကျယ်လုပ်တယ်ပေါ့။ ဒါပေမယ့် ဒီမှာတော့အနည်းအကျဉ်းလောက်ပဲလုပ်တယ်။ ဂုဏ်ပြုတဲ့အစီအစဉ်တွေလုပ်တယ် နုတ်ဆက်တဲ့အစီအစဉ်တွေ ကန်တော့တဲ့အစီအစဉ်တွေလုပ်တယ်ပေါ့နော။” လို့ စစ်ရှောင်စခန်းကလူငယ်တစ်ဦးက ပြောပါတယ်။

အဲ့ဒီအစီအစဉ်မှာ မိဘကို ဦးချကန်တော့တာ၊ ဝတ်ပြုဆုတောင်းတာ၊ ကျေးဇူးတင်စကားပြောတာ၊ ဂုဏ်ပြုလက်ဆောင်ပေးအပ်တာ၊ ဂုဏ်ပြုတေးသီချင်းသီဆိုတာ၊ မိဘများဖက်က ပြန်လည်အမှာစကားပြောပေးတာ၊ ကောင်းကြီးမင်္ဂလာပေးတာ တွေ ပြုလုပ်သွားကြပါတယ်။

“မိဘများနေ့”ဟာ ကက်သလစ်ဘာသာဝင်တွေ နှစ်စဥ်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။
“မိဘများနေ့” ကို စစ်ရှောင်စခန်းအပြင် အခြားနေရာတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။ ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်ကျော်ကြာလာပြီဖြစ်ပြီး ဒေသခံတွေက မိမိနေရပ်ကိုပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ