spot_img
15.5 C
Loikaw
Monday 15, December 2025
spot_img
Homeသတင်းမော်ချီး ကိုယ်ထူကိုယ်ထကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းများ လိုအပ်မှုရှိနေ

မော်ချီး ကိုယ်ထူကိုယ်ထကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းများ လိုအပ်မှုရှိနေ

-

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာရှိတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းများ လိုအပ်မှုရှိနေတယ်လို့ ဒေသခံ ဆရာမတစ်ဦးကပြောပါတယ်။

ကိုယ်ထူကိုယ်ထကျောင်းဖြစ်တဲ့အတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ပတ်သက်ပြီး ‌ ကျောင်းသူ၊ ‌ကျောင်းသားမိဘတွေဖက်ကလဲ ပံ့ပိုးပေးနိုင်ခြင်းမရှိသလို တခြားအစည်းတွေဖြစ်တဲ့(NGO) ‌တို့လဲ ဝင်ရောက်လာတာမရှိဖူးလို့ ကိုယ်ထူကိုယ်ထကျောင်းမှ စာသင်ပေးနေတဲ့ ဆရာမတစ်ဦးကခုလိုပြောပါတယ်။

“သင်ထောက်ကူခါကျတော့ ဒီ ကျောင်းက ကိုယ်ထူကိုယ်ထဖွင့်ရတဲ့အတွက် ကြောင့်မလို့ပေါ့နော်၊ ကျောင်းသားမိဘတွေကလဲ သင်ထောက်ကူတွေအတွက်ကို သူတို့လဲမပံ့ပိုး‌နိုင်ဖူးပေါ့။ နောက် တခြားအဖွဲ့အစည်း NGO အဖွဲ့အစည်းတွေလဲ ကူညီပံ့ပိုးးပေးတာ ဝင်တာမျိုးတွေမရှိလို့ပေါ့နော်” လို့သူက ဆိုပါတယ်။

ဖားဆောင်းမြို့မော်ချီးဒေသမှာ COVID 19ရောဂါ စဖြစ်ကတည်းက အစိုး‌ရကျောင်းများပိတ်ထားပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်ကာ ကလေးများအတွက် ပညာဆက်လက်သင်ကြားနေကြတာဖြစ်ပါတယ်။

မော်ချီးဒေသ မှာ ကိုယ်ထူကိုယ်ဖွင့်လှစ်ထားတဲ့ ကျောင်းစုစုပေါင်း ၅ ကျောင်းခန့်ရှိပြီး စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ကျောင်းတစ်ကျောင်းလည်းရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ