spot_img
17.4 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းခြေကုပ်ယူဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို KA၊ KNDF တို့ ရှောင်တခင်တိုက်ခိုက်ပြီး စစ်ကောင်စီ တစ်ဦးကျဆုံးခဲ့

ခြေကုပ်ယူဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို KA၊ KNDF တို့ ရှောင်တခင်တိုက်ခိုက်ပြီး စစ်ကောင်စီ တစ်ဦးကျဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့၊ လောဘူးဒါး ရပ်ကွက်မှာ ခြေကုပ်ယူဖို့အတွက် အင်အား၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက် တစ်ဦးကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDFတပ်ရင်း ၄က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၃ရက်) နေ့လည် ၁နာရီအချိန်က ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ ပူးပေါင်းပြီး ရှောင်တခင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တာတွေလည်း ရှိခဲ့ပေမယ့် KA၊ KNDF ဖက်ကတော့ ထိခိုက်မှု မရှိပဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၉ရက်နေ့ကလည်း လောဘူးဒါးရပ်ကွက်ထဲ စစ်ကောင်စီနဲ့ KA၊ KNDFတို့ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ ၁ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယမန့်နေ့ မနက်ပိုင်း ၉နာရီအချိန် ဝန်းကျင်လောက်မှာလည်း ဒီးမော့ဆို အခြေစိုက် ခမရ ၄၂၇တပ်မှ လွိုင်ကော်မြို့ပေါ်ကို ဦးတည်ထွက်ခွာတဲ့ စစ်ကားလေးစီးနဲ့ KNDFတပ်ရင်း ၉ တို့ ဒေါခလိုက်လင် ဘက်တလင် ကျေးရွာနားတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၉ရက်နေ့တုန်းကလည်း ဖရူဆို ၊ မားခရော်ရှေ့ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ၅ဦးထက်မနည်းကျဆုံးတာရှိခဲ့သလို KAမှ ရဲဘော် ၂ဦးကျဆုံးခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ