spot_img
21.8 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ကရင်နီအမျိုးသားကောလိပ် (KnNC)ရဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ကရင်နီအမျိုးသားကောလိပ် (KnNC)ရဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)မှာဖွင့်လှစ်နေတဲ့ ကရင်နီအမျိုးသားကောလိပ်(KnNC)ကနေပြီး
ကျောင်းသူကျောင်းသား (၁၁၅)ဦးကို ဒီပလိုမာဘွဲ့အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲ အခမ်းအနားကို ဒီကနေ့ (ဧပြီလ ၆ရက်နေ့ ) မနက်ပိုင်းမှာ ပြုလုပ်သွားခဲ့ပါတယ်။

ကရင်နီပညာရေးဌာန လက်အောက်ရှိ (KnNC)ကျောင်းဟာ ၁၉၉၅ခုနစ်က‌နေ စတင်ဖွင့်လှစ်ခဲ့ပြီး (၂၈) နှစ်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ကရင်နီလူငယ်တွေကို ပညာသင်ကြားပေးလျက်ရှိနေပါတယ်။

လက်ရှိအချိန်ထိ ကျောင်းသူကျောင်းသား ၂၀၀၀ကျော် တက်ရောက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားကောလိပ်(KnNC)ကနေ တက်ရောက်ပြီးစီးသွားတဲ့ ကျောင်းသားကျောင်းသူ (၉၅) ရာခိုင်နှုန်းခန့်ဟာ မိမိလူမှုအသိုင်းအဝိုင်းမှာ ကျောင်းဆရာ၊ အမျိုးသမီး၊ လူငယ်၊ ကျန်းမာရေးစတဲ့ နယ်ပယ်တွေမှာ ပြန်ပြီးကူညီနေကြပါတယ်။

အဲ့ဒီထဲမှာမှ (၁၅) ရာခိုင်နှုန်းခန့်ဟာ ပညာသင်ဆုရရှိပြီး တက္ကသိုလ် ပညာရေးဆက်လက် သင်ယူနေတယ်လို့ သိရှိရပါတယ်။

(KnNC)ကျောင်းဟာ Community Development၊ Social Science၊ Information Technology (IT)၊ Science စတဲ့ အထူးပြုဘာသာရပ်(၄)ခုကို အဓိက သင်ကြားပေးပြီး ကရင်နီစာပေနဲ့ သမိုင်း၊ Gender issues၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်တို့နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကိုလည်း သင်ကြားပေးလျက်ရှိတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။

သုံးနှစ်တာကာလ ပညာသင်နှစ် ဒီပလိုမာဘွဲ့ကနေပြီးတော့ လာမယ့်နှစ်မှာ လေးနှစ်တာကာလ ပညာသင်နှစ် B.Aဘွဲ့ ပေးနိုင်ဖို့ အပြင် အထူးပြုဘာသာရပ်တွေကိုလည်း တိုးချဲ့လုပ်ဆောင်သွားမယ်လို့ KnNC တာဝန်ခံ ဆရာမကြီး အဲလစ်ဇဘက်မော်မိမာက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ