spot_img
15.8 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ အဆောက်အဦးတစ်လုံး မီးလောင်ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ အဆောက်အဦးတစ်လုံး မီးလောင်ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဧပြီ၅ရက်) ည (၁၀)နာရီအချိန် ကရင်နီဒုက္ခသည်စခန်း အမှတ်( ၁ )မှာ အဆောက်အဦးတစ်လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ပြီးနောက် စခန်းထဲက လူထုတွေ နာရီဝက်ကြာ အချိန်မီ မီးငြိမ်းနိုင်ခဲ့တာကြောင့် ဘေးအိမ်တွေကို မီးကူးစက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

နွေရာသီရောက်ရှိတဲ့အချိန်တိုင်း မီးဘေးအန္တာရာယ်ကို စိုးရိမ်ရတာကြောင့် သတိထားနေရတယ်လို့ စခန်းနေပြည်သူတွေက ပြောဆိုကြပါတယ်။

ယမန်နေ့ညမှာ ဖြစ်ပွားခဲ့တဲ့မီးလောင်မှုရဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ခု နှစ် ဧပြီလ ၇ရက်နေ့က အဆိုပါ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ဖူးပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ