spot_img
23.9 C
Loikaw
Saturday 6, December 2025
spot_img
Homeသတင်းလွိုင်ကော်လေဆိပ်မှာ ကိုဗစ် Positive အတည်ပြုလူနာတစ်ဦးကို စစ်ဆေးတွေ့ရှိပြီး နေအိမ်ကွာရန်တင်းထားရှိ

လွိုင်ကော်လေဆိပ်မှာ ကိုဗစ် Positive အတည်ပြုလူနာတစ်ဦးကို စစ်ဆေးတွေ့ရှိပြီး နေအိမ်ကွာရန်တင်းထားရှိ

-

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်လေဆိပ်မှာ ရန်ကုန်ကနေ ပြန်လာသူအမျိုးသီတစ်ဦးထံမှာ ကိုဗစ် Positive လက္ခာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းထံကနေ သိရှိရပါတယ်။ အဆိုပါ အမျိုးသမီးကို လောတမရပ်ကွက် နေအိမ်မှာ ကွာရန်တင်းဝင်ဖို့ သွားရောက်ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ပြည်နယ်ထွေအုပ်ကနေ အကြောင်းကြားလာတာဗျ။ ကျနော်တို့ လေဆိပ်မှာ သွားခေါ်ပေးရတယ်။ သူတို့က Home quarantine အိမ်မှာပဲ နေခိုင်းတယ်ပေါ့။ ကျန်တဲ့ ဘာစီစဉ်မှတော့ မပြောထားဘူးပေါ့။ အိမ်မှာ တစ်ပတ် နှစ်ပတ်နေပါ ဒါတွေပဲမှာထားတယ်။ လူနာကတော့ အသက်တော့ မပြောထားဘူး။ လူလတ်ပိုင်းပဲပေါ့ မိန်းကလေးဆိုတော့။ ကျန်းမာရေးလည်း ကောင်းပါတယ်။ တခြားဘာ လက္ခာဏာမှလည်းမရှိဘူးဗျ။ ကိုဗစ် Positive တွေ့တယ် အဲဒီတစ်ခုပဲ။ “ လို့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ် မျိုးရိုးဗီဇ အမျိုးအစားကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ ၂၀၂၃ခုနှစ်၊ ကရင်နီပြည်မှာ ကိုဗစ်ရောဂါ ပထမဦးဆုံး တွေ့ရှိသူတစ်ဦး ဖြစ်ပြီး ပြည်သူလူထုတွေလည်း ကရုတစိုက် နေထိုင် ကြဖို့ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“အရင်ကလည်း ကျနော်တို့ ကိုဗစ်ကလည်း ကြုံဖူးကြတယ်ဆိုတော့ မတ်တပ်ဖို့ လူများတဲ့နေရာ မသွားဖို့ ဒီလောက်ပါပဲ။ အရင်က စည်းကမ်းတွေအတိုင်းပဲ နေသွားဖို့ အကြံပေးချင်ပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုတွေ ရှိနေပြီး စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန က မေလ ၃ရက်နဲ့ ၄ရက်နေ့မှာ ဓါတ်ခွဲနမူနာ တစ်ထောင်ကျော် စစ်ဆေးရာ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၉၅) ဦး ရောဂါပိုးတွေ့ရှိတယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ