spot_img
17.8 C
Loikaw
Saturday 13, December 2025
spot_img
Homeသတင်းဖရူဆိုမြို့နယ် ရှီးဆိုလို စစ်ဘေးဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ (၃)လ ကျော်ကြာ မရရှိသဖြင့် အခက်တွေ့သူများရှိ

ဖရူဆိုမြို့နယ် ရှီးဆိုလို စစ်ဘေးဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ (၃)လ ကျော်ကြာ မရရှိသဖြင့် အခက်တွေ့သူများရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ရှီးဆိုလို စစ်ဘေးဒုက္ခသည်စခန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထီးပေါ်လာ၊ ထီးဆိုး စစ်ဘေးရှောင်စခန်းများကို ထီးဆိုလိုတစ်ခုထဲ အနေဖြင့် တရားဝင် အတည်ပြု သတ်မှတ်ပေးထားပေမယ့် ၃ လကျော်ကြာတဲ့အထိ စစ်ဘေးဒုက္ခသည်လူထုအတွက် ထောက်ပံ့မှု တစ်စုံတစ်ရာ မရရှိသေးကြောင်း စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။

“ဒီ မောသီဒီု ဘက်မှာက စခန်းတစ်ခုထဲ ပြန်ဖြစ်အောင် ဆိုပြီး ထီးပရူနူနဲ့ ရှီးဆိုလိုပေါ့ အခုတော့ ရှီးဆိုလို ကိုပြန်လည် သတ်မှတ်ပေးတာပေါ့၊ ၂ လပိုင်းကတည်းက အတည်ပြုထားတယ်၊ အခုချိန်ထိတော့ တစ်စုံတစ်ရာ လာပြီးထောက်ပံ့ပေးတာတော့ မရှိသေးဘူး။ လတိုင်းတော့ စစ်ဘေးရှောင် လူထုစာရင်းတော့ ပြုစုတင်ပေးတာပဲ၊ စစ်ဘေးရှောင်စခန်းအတွင်း ကော်မတီအသေးသုံးဆိုတဲ့ဟာတော့ လစဥ်ထောက်ပံ့ပေးတယ်၊ အဲ့တစ်ခုပါပဲ”လို့ စစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။

ဖရူဆို ရှီးဆိုလို စစ်ဘေးဒုက္ခသည်စခန်းအတွင်းမှာ အလှူရှင်များကိုသာ မှီခိုအားထားနေရတာကြောင့် ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်တွေကို အခြေခံ စားနပ်ရိက္ခာ၊ လူသုံးကုန်များ ထောက်ပံံ့မှုတစ်စုံတစ်ရာ အားနည်းလာမှုကြောင့် စစ်ရှောင်လူထုမှာ အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။

“အဓိက အခြေခံ စားသောက်ကုန်ပေါ့၊ ဦးစားပေးစေချင်တယ်၊ အခုလည်း မိုးလာတော့မယ်လေး အမိုးအကာလည်း တစ်ချို့လိုနေကြတဲ့ အနေအထားမှာ ရှိနေပါတယ်”လို့ စစ်ရှောင်စခန်းမှာ ကူညီပေးသူ တစ်ဦးက ပြောပါတယ်။

ဖရူဆို ရှီးဆိုလို စစ်ဘေးဒုက္ခသည်စခန်းဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး၊ စစ်ရှောင်လူထု စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော်ရှိနေတဲ့အပြင် မသန်စွမ်း ၈ ဦးအထိရှိကာ၊ လေဖြတ်နဲ့ မသွားလာနိုင်တဲ့ သက်ကြီးရွယ်အို အချို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်း နေရပ်စွန့်ခွာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဖရူဆိုအရှေ့ဘက်ခြမ်းမှ IDP စခန်း ၆ ခုနဲ့ လူဦးရေ ၆၀၀၀ ကျော်ရှိပြီး၊ ဖရူဆို အနောက်ခြမ်းမှာတော့ IDP စခန်း ၈ ခုအထိ ရှိတယ်လို့ သိရပါတယ်။ အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် လူဦးရေ ၂ သိန်းကျော်ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ