spot_img
20 C
Loikaw
Wednesday 10, December 2025
spot_img
Homeသတင်း၂နှစ်အတွင်း KNDF တပ်ရင်း(၉) မှာ ကျဆုံးတပ်ဖွဲ့ဝင် (၁၉) ဦးရှိ

၂နှစ်အတွင်း KNDF တပ်ရင်း(၉) မှာ ကျဆုံးတပ်ဖွဲ့ဝင် (၁၉) ဦးရှိ

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ တပ်ရင်း (၉) မှာ ၂နှစ်အတွင်း ကျဆုံးတဲ့တပ်ဖွဲ့ဝင် (၁၉) ဦးရှိတယ်လို့ တပ်ရင်း (၉) တပ်ရင်းမှူး က ပြောပါတယ်။

အာဏာသိမ်း ၂ နှစ်တာကာလအတွင်း KNDF တပ်ရင်း (၉)ကနေ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲပေါင်း မြောက်များစွာမှာ ပါ၀င်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျတာ ၁၉ယောက် တိုက်ပွဲက အများကြီးပဲနော်” လို့ တပ်ရင်းမှူးက ပြောပါတယ်။

ဩဂုတ်လ ၂ ရက်နေ့က ကရင်နီပြည်တွင်းတစ်နေရာမှာ တပ်ရင်း (၉)ရဲ့ ၂ နှစ်ပြည့်အခမ်းအနားကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

အခမ်းအနားမှာ ကျဆုံးသွားသော အာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ ကရင်နီအလံတော်အား အလေးပြုခြင်း၊ သစ္စာအဓိဠာန်ပြု၍ သီဆိုစောင့်သိခြင်း၊ မဟာမိတ်များထံမှ ဂုဏ်ပြုသ၀ဏ်လွှာ ဖတ်ရှုခြင်း၊ ခေါင်းဆောင်များမှ ရဲဘော်ရဲဘက်များအား အားပေးစကားပြောခြင်းနဲ့ ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး တပ်ရင်း ၂၂ ရင်းအထိ ရှိနေကာ စစ်ကောင်စီကို အပြင်းအထန် တွန်းလှန် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ