spot_img
15.4 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းအာဏာသိမ်းပြီးနောက် (၉၂၁)ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျဆုံးသူ (၃၉၁၂)ဦးရှိ

အာဏာသိမ်းပြီးနောက် (၉၂၁)ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျဆုံးသူ (၃၉၁၂)ဦးရှိ

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီအာဏာသိမ်းပြီးနောက် (၉၂၁ ) ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျဆုံးခဲ့ရတဲ့ ပြည်သူ (၃၉၁၂)ဦးအထိ ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့က ဩဂုတ်လ (၁၀)ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူမှာ စုစုပေါင်း (၂၄၂၄၄) ဦးရှိပြီး အဲဒီအထဲမှာမှ (၁၉၇၃၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ ထိန်းသိမ်းခံရတဲ့ (၁၉၇၃၈) ဦး အနက် (၇၀၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ (၄၅၀၆)ဦးရှိတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်တွင်းမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ် ဇူလိုင် ( ၃၁ ) ရက်နေ့အထိ အရပ်သားပြည်သူ သေဆုံးသူ (၃၇၅ ) ဦး ရှိပြီး ဖမ်းဆီးခံရသူ (၁၉၆)ဦးရှိတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF က ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ