spot_img
19.1 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းဘီလူးချောင်းရေ မြင့်တက်လာမှုကြောင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်က အိမ်ထောင်စုတချို့ ရွေ့ပြောင်း

ဘီလူးချောင်းရေ မြင့်တက်လာမှုကြောင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်က အိမ်ထောင်စုတချို့ ရွေ့ပြောင်း

-

ကန္တာရဝတီတိုင်း(မ်)

ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် လွိုင်ကော်မြို့ပေါ် ဒေါနိုးကူးရပ်ကွက်အတွင်းက နေအိမ်တချို့ ယခုရက်ပိုင်းမှာ ရွေ့ပြောင်းနေထိုင်ရတယ်လို့ သိရပါတယ်။

“ရေကပေါင် လောက်ရှိတော့မယ် ၊ ထပ်လည်းကျမကျ ကမသေချာနေဘူး၊ အသိတွေထဲလည်း ပြောင်းတဲ့မိသားစုတွေရှိတယ်၊ ကိုယ်ကတော့ကျမယ်ထင်လို့စောင့်ရင်း ပိုပိုတက်လာတာပဲ ။” လို့ ဒေသခံ အမျိုးသမီးတဦးက ဆိုပါတယ် ။

စက်တင်ဘာလလယ်လောက်ကစပြီး ဘီလူးချောင်းရေမြင့်တက်လာခဲ့တာကြောင့် ချောင်းအနီးအနားက နေအိမ်အတွင်း ရေဝင်ရောက်ခဲ့တာလည်း ရှိနေပါတယ်။

မြေနိမ့်ပိုင်းမှာရှိနေတဲ့ရပ်ကွက်တွေမှာ ဘီလူးချောင်းရေ ပိုမိုဝင်ရောက်လာပြီး ဒေါနိုးကူး၊ ရှမ်းပိုင်း၊ ရွှေတောင်၊ နန်းကွတ် စတဲ့ ရပ်ကွက်တွေက အိမ်ထောင်စုတချို့ ကြိုတင်ရွေ့ပြောင်းနေကြတာလည်း ရှိတယ်လို့ သိရပါတယ်။

“သက်ကြီးပိုင်းတွေတော့ အရင်လထဲကပြောင်းခိုင်းထားတာ သွားရလာရအဆင်မပြေလို့လေ၊ မိသားစုလိုက်တော့ မပြောင်းသေးဘူး၊ သူခိုးရန်လည်းကြောက်ရလို့ ။” လို့ ဒေါနိုးကူးရပ်ကွက်က ဒေသခံတဦးက ပြောပါတယ်။

ဘီလူးချောင်းအနီးမှာရှိတဲ့ ဒေါနိုးကူးရပ်ကွက်မှာ နှစ်စဉ်ရေဝပ်လေ့ရှိတာကြောင့် ရေမြောင်းစနစ် မကောင်းဘူးလို့လည်း ဒေသခံတချို့က ဝေဖန်သုံးသပ်ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ