spot_img
16.7 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းဆေးခန်းမရှိတဲ့ ဟားမူစစ်ရှောင်စခန်းမှာ ကျန်းမာရေး၀န်ထမ်းရရှိဖို့ မျှော်လင့်နေ

ဆေးခန်းမရှိတဲ့ ဟားမူစစ်ရှောင်စခန်းမှာ ကျန်းမာရေး၀န်ထမ်းရရှိဖို့ မျှော်လင့်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထူးချောင်းအနောက်ဘက်ခြမ်းမှာရှိတဲ့ ဟားမူစစ်ရှောင်စခန်းမှာ ဆေးပေးခန်းမရှိတဲ့အပြင် ဆေးပညာတတ်ကျွမ်းသူမရှိတာကြောင့် ကျန်းမာရေး၀န်ထမ်းတွေရရှိဖို့ မျှော်လင့်နေကြတယ်လို့ ဒေသခံစစ်ရှောင်က ဆိုပါတယ်။

အဆိုပါဒေသမှာ ရာသီတုပ်ကွေးတွေ အဖြစ်များနေပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သူတွေ မရှိဘူးလို့လည်း ဆိုပါတယ်။

” အဓိကကတော့ ဒီဆေးပိုင်းမှာ ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့သူတယောက်
လိုအပ်တယ်။ အဲ့လို ဆရာ၀န်တယောက် မရှိရင်တောင်မှ ကျမတို့စခန်းမှာ အမြဲတမ်းနေနိုင်မဲ့ volunteer (စေတနာ့၀န်ထမ်း) တယောက်ပေါ့နော်။ ” လို့ ဟားမူ စစ်ရှောင်စခန်းမှ စစ်ရှောင်တဦးက ပြောပါတယ်။

လက်ရှိမှာတော့ အခြေခံဆေး၀ါးအကြောင်းအနည်းငယ်နားလည်တဲ့ ကျောင်းဆရာမတဦးဆီကနေ ဆေးရယူ နေတယ်လို့ ဆိုပါတယ်။

ထူးချောင်း အနောက်ဘက်ခြမ်းမှာ ဟားမူ စစ်ရှောင်စခန်း၊ ထီးပါသုခို စစ်ရှောင်စခန်း ဆိုတဲ့ ပင်မ စစ်ရှောင်စခန်း နှစ်ခုရှိပြီး၊ အဆိုပါ စစ်ရှောင်စခန်း ၂ ခု ရဲ့ ထပ်ဆင့် စစ်ရှောင်စခန်းငယ်တွေလည်း ရှိနေပါတယ်။ အဲဒီနေရာတွေမှာလည်း ဆေးပေးခန်းတွေမရှိဘူးလို့ သိရပါတယ်။။

” ဟားမူစခန်းမှာဆို ရာသီတုပ်ကွေးဖြစ်နေတာတော့ နှစ်ရက်သုံးရက်ဖြစ်နေပြီ။ နှစ်ရက်သုံးရက်မှာမှ တယောက်ပြီး တယောက်ကူးနေတယ်ပေါ့” လို့ စစ်ရှောင်တဦးက ပြောပါတယ်။

အဆိုပါ ဟားမူ စစ်ရှောင်စခန်းမှာ လူဦးရေ ၇၀ ကျော် ရှိတဲ့အထဲက ၁၀ဦး အထိ ကူးစက်ဖြစ်ပွားနေပြီး၊ ကလေးငယ်တွေမှာ အဖြစ်များတယ်လို့လည်းဆိုပါတယ်။ အခြေခံဆေးဝါး အနေနဲ့ ပါရာစီတမော ကလွဲပြီး တခြားဆေးဝါးတွေ လုံလုံလောက်လောက်မရှိဘူးလို့ သိရပါတယ်။

ထူးချောင်းအနောက်ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ တစ်ထောင့်ခုနှစ်ရာကျော်ရှိနေပြီး အလှူရှင်ရောက်ရှိမှု မရှိသလို လူသားချင်းစာနာထောက်ထားမှုအကူအညီ အများအပြားလိုအပ်နေတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ